ရွှေတိဂုံ နဲ့ ကျိုက်ထီးရိုးစေတီတော် နှစ်ဆူမှာ တစ်နှစ်အတွင်း အလှူငွေ ကျပ် ၁၀၀ ဘီလီယံ ကျော်ရရှိ

goldeon-rock-myanmar-PH83MG9.jpg

ရွှေတိဂုံစေတီတော် နဲ့ကျိုက်ထီးရိုးစေတီတော် နှစ်ဆူရဲ့ တစ်နှစ်အတွင်း ရရှိခဲ့တဲ့ အလှူဘဏ္ဍာငွေ မှာ ကျပ် ၁၀၅ ဘီလီယံကျော် အထိရရှိခဲ့တယ်လို့ သာသနာရေးနှင့် ယဉ်‌ကျေးမှုဝန်ကြီးဌာန မှ သိရပါတယ်။

ရွှေတိဂုံစေတီတော်ကြီးရဲ့ လေးနှစ်တာ အလှူငွေမှာ ၂၀၁၆ မှာ ကျပ် ၅၈ ဒသမ ၇ဝ၉ ဘီလီယံ၊ ၂၀၁၇ မှာ ကျပ် ၆၅ ဒသမ ၉ဝ၇ ဘီလီယံ၊ ၂၀၁၈ မှာ ကျပ် ၇၃ ဒသမ ၉၆၉ ဘီလီယံ နဲ့ ၂၀၁၉ မှာ ကျပ် ၈၉ ဒသမ ၈၇၇ ဘီလီယံ ရရှိခဲ့ပါတယ်။

ကျိုက်ထီးရိုးစေတီတော်ကြီးရဲ့ လေးနှစ်တာ အလှူငွေမှာ ၂၀၁၆ မှာ ကျပ် ၄ ဒသမ ၄၇၈ ဘီလီယံ၊ ၂၀၁၇ မှာ ကျပ် ၈ ဒသမ ၃၈၁ ဘီလီယံ၊ ၂၀၁၈ မှာ ကျပ် ၁၁ ဒသမ ၈၈၇ ဘီလီယံ၊ ၂၀၁၉ မှာ ကျပ် ၁၅ ဒသမ ၆၇၆ ဘီလီယံ ရရှိခဲ့ပါတယ်။

လေးနှစ်တာ ကာလအတွင်း စေတီတော်ကြီး နှစ်ဆူရဲ့ ဘက်စုံ ပြုပြင်ရေးလုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်ခဲ့တယ်လို့ အစိုးရရဲ့ လေးနှစ်တာ သတင်းစာရှင်းလင်းပွဲမှာ ဒုတိယဝန်ကြီး ဦးကြည်မင်း ကပြောပါတယ်။

NLD အစိုးရလက်ထက်မှာ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့အသစ်ကို ပြန်လည်ဖွဲ့စည်းခဲ့သလို ကျိုက်ထီးရိုးစေတီတော် ဂေါပက အဖွဲ့အသစ်ကိုလည်း ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။

Cherry ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top