ဘုရားပွဲအတွက် သက်ရှိဆင်အစား ဆင်စက်ရုပ်ကို ပြောင်းလဲအသုံးပြုမယ့် ကီရာလာပြည်နယ် ဘုရားကျောင်း

28.2.2023-image-10.jpg

အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ် ဘုရားကျောင်းဟာ ဘာသာရေးပွဲလမ်းတွေမှာ သက်ရှိဆင်အစား ဆင်စက်ရုပ်ကို ပြောင်းလဲအသုံးပြုသွားတော့မှာ ဖြစ်ပါတယ်။ ကီရာလာပြည်နယ်ရဲ့ ဘုရားပွဲတွေမှာ သံကြိုးခတ်ခံထားရပြီး အဆင်တန်ဆာတွေ ဆင်ယင်ထားတဲ့ ဆင်တွေဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြတာပါ။

အိန္ဒိယနိုင်ငံမှာ ထိန်းသိမ်းခံ ဆင်အကောင်ရေ ၂၅၀၀ ဝန်းကျင်ရှိတဲ့အနက် ၅ ပုံ၊ ၁ ပုံကတော့ ကီရာလာပြည်နယ်မှာ ရှိနေတာပါ။ ဆင်တွေအပေါ် ပြုမူပုံတွေကြောင့် စိုးရိမ်ပူပန်မိတယ်လို့ တိရစ္ဆာန်အကျိုးသယ်ပိုးသူတွေက နှစ်ပေါင်းများစွာကြာ ထောက်ပြခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်ကြားကာလအတွင်း ကီရာလာပြည်နယ်မှာ ထိန်းသိမ်းခံ ဆင် ၁၃၈ ကောင် သေဆုံးခဲ့ပြီး ဆင်သေဆုံးမှုမြင့်တက်လာတဲ့အတွက် တိရစ္ဆာန်အခွင့်အရေးသုတေသနစင်တာက ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြည်နယ်ဝန်ကြီးချုပ်ထံ စာပို့ခဲ့ပါတယ်။

သီရစ်ဆာခရိုင် အရိန္နဇာဒပလီသျှရီခရစ်ရှ်နားဘုရားကျောင်းက ပွဲလမ်းအခမ်းအနားတွေမှာ သက်ရှိဆင်တွေကို အသုံးပြုတော့မှာ မဟုတ်ဘူးလို့ ကတိပြုခဲ့ပြီး တခြားဘုရားကျောင်းတွေအနေနဲ့လည်း သက်ရှိဆင်တွေအစား ဆင်စက်ရုပ်တွေကို အသုံးပြုကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အရိန္နဇာဒပလီသျှရီခရစ်ရှ်နားဘုရားကျောင်းက အသုံးပြုမယ့် ဆင်စက်ရုပ်ကို (PETA)တိရစ္ဆာန်တွေအပေါ် မျှမျှတတဆက်ဆံသူများအဖွဲ့နဲ့ အိန္ဒိယသရုပ်ဆောင်မင်းသမီး ပဝါသီတို့က ပူးပေါင်းလှူဒါန်းခဲ့ကြတာပါ။

Ref: Kerala: India temple replaces elephant with robot for rituals

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top