၄ ရက်အတွင်း ၄၂၅ မိုင်ပြေးပြီး ကမ္ဘာ့စံချိန်သစ်တင်

7.7.23-yyl-10.jpg

သြစတြေးလျနိုင်ငံသား ဖီလ်ဂိုရီဟာ ၄ ရက်အတွင်း ၄၂၅ မိုင်ပြေးပြီး ကမ္ဘာ့စံချိန်သစ် တင်ခဲ့ပါတယ်။ Dead Cow Gully Backyard Masters အယ်လ်ထရာမာရသွန်ပြိုင်ပွဲဟာ ပန်းတိုင်မရှိတဲ့ ပြေးပွဲလို့ တင်စားကြပါတယ်။

ပြိုင်ပွဲဝင်တွေဟာ တစ်နာရီမှာ ၆.၇ ကီလိုမီတာပတ်လမ်းအပြည့် ပြေးရပြီး နောက်ဆုံးပြိုင်ပွဲဝင် တစ်ယောက်တည်းကျန်တဲ့အထိ ပြေးရတာပါ။

၂၀၂၃ ခုနှစ် Dead Cow Gully Backyard Masters အယ်လ်ထရာမာရသွန်ပြိုင်ပွဲဲကို ဘရစ္စဘိန်းမြို့ အနောက်မြောက်ဘက် ၁၁၂ မိုင်အကွာက ခြံထဲမှာ ကျင်းပတာ ဖြစ်ပါတယ်။

ဖီလ်ဂိုရီဟာ ၆.၇ ကီလိုမီတာပတ်လမ်းကို ၁၀၂ ကြိမ် ပြေးခဲ့ပြီးနောက် အနိုင်ရခဲ့တာပါ။ ဘယ်လ်ဂျီယံအပြေးသမား ၂ ယောက်ရဲ့ ပြေးလမ်း ၁၀၁ ပတ် စံချိန်ကို ပြေးလမ်းတစ်ပတ်အသာနဲ့ စံချိန်သစ် တင်နိုင်ခဲ့တာဖြစ်ပါတယ်။

Ref: Man Runs 425 Miles in Four Days, Sets New World Record

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top