BLACKPINK အဖွဲ့ဝင် ဂျီဆူးရဲ့ကိုရီးယားအဆိုတော်တစ်ယောက်လို လှပတဲ့ အစ်မဖြစ်သူ

21.9.23-yyl-1.jpg

ကမ္ဘာလှည့်ဖျော်ဖြေမှုလုပ်ခဲ့တဲ့ နာမည်ကြီးကိုရီးယားအဆိုအဖွဲ့ BLACKPINK ဟာ ပြီးခဲ့တဲ့အပတ်က ဆိုးလ်မြို့မှာ ဖျော်ဖြေပွဲနှစ်ခုတင်ဆက်ခဲ့ပြီးတော့ ကမ္ဘာလှည့်ဖျော်ဖြေပွဲကို အဆုံးသတ်ခဲ့တာပါ။ ဆိုးလ်မြို့ရှိ Gocheok Sky Dome မှာ စက်တင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး နာမည်ကြီးဆယ်လီတွေအပြင် ပရိသတ် ၃ သောင်းကျော် ကြည့်ရှုခဲ့ကြပါတယ်။

BLACKPINK အဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေလည်း ရှိနေခဲ့ပါတယ်။ အဲ့ဒီမိသားစုဝင်တွေထဲကမှလက်ရှိပရိသတ်တွေ သတိထားမိနေတာကတော့ ဂျီဆူးရဲ့ အစ်မဖြစ်သူ ကင်ဂျီယွန်းကိုပါ။ ကင်ဂျီယွန်းက ညီမဖြစ်သူ ဂျီဆူးနဲ့ရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံကို ဖျော်ဖြေပွဲပြီးတော့ အင်စတာဂရမ်မှာ မျှဝေခဲ့ပါတယ်။ ဂျီယွန်းနဲ့ ဂျီဆူးတို့က “Flower” သီချင်းကရင် အသုံးပြုတဲ့ ပန်းပွင့်ဆင်တူလေးတွေနဲ့ Pose ပေးထားကြတာပါ။ ညီမဖြစ်သူရဲ့ဖျော်ဖြေတင်ဆက်မှုကို လူကိုယ်တိုင်မြင်တွေ့လိုက်ရလို့ ပျော်ရွှင်ရတယ်လို့လည်း ရေးသားထားပါတယ်။

ဂျီယွန်းက BLACKPINK အဖွဲ့ဝင်အားလုံးနဲ့တော့ ဓာတ်ပုံမရိုက်ခဲ့ရပေမဲ့ အဖွဲ့ဝင်လီဆာနဲ့လည်း ဓာတ်ပုံအတူရိုက်ခဲ့ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေက ဂျီဆူးရဲ့အစ်မကို မြင်ပြီးတော့ အရမ်းလှတယ်၊ အဆိုတော်ဖြစ်လို့တောင်ရတယ်လို့ ပြောလာကြပါတယ်။ အသက် ၃၃ နှစ်အရွယ် ဂျီယွန်းဟာ အရင်က လေယာဉ်မယ်တစ်ယောက်ဖြစ်ခဲ့တာပါ။ သူ့ရဲ့ပထမကလေးကို မွေးပြီးတဲ့နောက်မှာ လေယာဉ်မယ်အဖြစ်က နုတ်ထွက်ခဲ့တာပါ။ အခုဆို သူက ကလေး ၂ ယောက်မိခင်ဖြစ်တဲ့အပြင် Influencer နဲ့ အလွတ်တမ်းမော်ဒယ်တစ်ယောက်လည်းဖြစ်တယ်လို့ သိရပါတယ်။

Ref: Sister Of Blackpink’s Jisoo Is An Ex Flight Attendant And Just As Pretty As The K-pop Star

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top