စေ့စပ်လိုက်ပြီဖြစ်တဲ့ နစ်ခ်ဂျိုးနက်စ် (Nick Jonas) နဲ့ ပရီယင်ကာချိုပရာ (Priyanka Chopra)

39453637_1150277421790669_1971860150343958528_n.jpg

ဟောလိဝုဒ်ရဲ့ ကျော်ကြားတဲ့ ကြယ်ပွင့်စုံတွဲ ဖြစ်တဲ့ နစ်ခ်ဂျိုးနက်စ်နဲ့ ပရီယင်ကာချိုပရာတို့ စေ့စပ်ပွဲကို ချိုပရာရဲ့ မွေးရပ်မြေ အိန္ဒိယမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ စေ့စပ်ပွဲ ပါတီကို ချိုပရာရဲ့ မိဘတွေဘက်က ပြင်ဆင်ပေးတာ ဖြစ်ပြီး နစ်ခ်ရဲ့ မိဘတွေကတော့ အမေရိကန်ကနေ လာရောက် တွေ့ဆုံခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ် ပရီယင်ကာချိုပရာနဲ့ အသက် ၂၅ နှစ်အရွယ် နစ်ခ်ဂျိုးနက်စ်တို့က ချစ်သူတွေအဖြစ် နှစ်လကြာ လက်တွဲပြီးနောက် စေ့စပ်ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း နစ်ခ်နဲ့ စေ့စပ်လိုက်ပြီဖြစ်ကြောင်း ရုတ်တရက် ထုတ်ဖော်ပြောကြားခဲ့ပြီးတဲ့နောက် အခြားသောမိန်းကလေးတွေ အားကျရလောက်တဲ့ စိန် စေ့စပ်လက်စွပ်ကို ချိုပရာက သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။ နစ်ခ်ရဲ့ မိသားစုဝင်တွေဟာလည်း ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့တည်းက အိန္ဒိယကို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။

ဩဂုတ်လ ၁၈ ရက်နေ့မှာတော့ နစ်ခ်နဲ့ချိုပရာတို့က အိန္ဒိယ ရိုးရာဓလေ့အတိုင်း စေ့စပ်ပွဲလေး ပြုလုပ်ခဲ့ပါတယ်။ စေ့စပ်ပွဲကို နစ်ခ်ရဲ့ အစ်ကိုတွေ မတက်ရောက်နိုင်ခဲ့ပေမဲ့ ဂုဏ်ပြုစကားကိုတော့ ဆိုရှယ်မီဒီယာတွေက တဆင့် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဟောလီးဝုဒ် ကြယ်ပွင့်စုံတွဲရဲ့ မင်္ဂလာဆောင်ကိုတော့ မကြာခင်မှာ ပြုလုပ်သွားမယ်လို့ သိထားရပါတယ်။

Ref: indianexpress.com

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top