Victoria’s Secret က အုပ်ချုပ်ရေးပိုင်းကလူရဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုကို ခံခဲ့ရတဲ့ ဘဲလ်လာ ဟာဒစ်

yyl-009-1.jpg

Victoria’s Secret အလုပ်အမှုဆောင် အက်တ် ရာဇက်ခ်နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေက နှစ်တိုင်းလိုလို ရှုပ်ထွေးလာနေပါတယ်။ ပြီးခဲ့တဲ့အပတ်က နာမည်ကြီးဘဲလ်လာ ဟာဒစ်က Victoria’s Secret ရှိုးပွဲအတောအတွင်းမှာ အက်တ်ရဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုကို ခံခဲ့ရတဲ့မော်ဒယ်တွေထဲမှာ ပါဝင်ခဲ့တယ်လို့ သတင်းဌာနတွေအရ သိရပါတယ်။

Victoria’s Secret ရှိုးပွဲမှာ လျှောက်ရမယ့်မော်ဒယ်တွေကို ရွေးချယ်ပေးတဲ့နေရာမှာ အရေးပါတဲ့သူလို့ပြောလို့ရတဲ့ အက်တ်ဟာ အဝတ်အစားဝတ်ဆင်ပြင်ဆင်တဲ့အချိန်အတွင်းမှာ တချို့မော်ဒယ်တွေကို မလျော်ကန်တဲ့စကားတွေပြောခဲ့ပါတယ်။ ၂၀၁၈ခုနှစ်က Victoria’s Secretရှိုးပွဲအတောအတွင်း အဝတ်လဲခန်းမှာ အတွင်းခံအဝတ်အစားအတွက် တိုင်းတာမှုတွေပြုလုပ်နေတဲ့ ဘဲလ်လာကို ကြည့်နေခဲ့တယ်လို့ ဆိုပါတယ်။ ဘဲလ်လာရဲ့ရင်သားနဲ့ပတ်သက်ပြီး ကာအိန္ဒြေပျက်ပြားစေတဲ့ စကားတွေလည်း အက်တ်က ပြောခဲ့တယ်လို့ ဆိုပါတယ်။

အခြားမော်ဒယ်တွေရဲ့အတွင်းခံအင်္ကျီပေါ်ကိုလည်း သူ့ရဲ့လက်ကို ထားတယ်။ မော်ဒယ်တွေကို နမ်းဖို့ကြိုးစားခဲ့သလို သူ့ရဲ့ပေါင်ပေါ်ကိုလည်း ထိုင်ခိုင်းခဲ့တယ်လို့လည်း စွပ်စွဲချက်တွေထွက်ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က အက်တ်ဟာ လိင်ပြောင်းထားတဲ့ မော်ဒယ်နဲ့ ပတ်သက်ပြီး LGBQ တွေကို ထိခိုက်စေမယ့် အငြင်းပွားဖွယ်ရာသုံးသပ်ချက်တွေကို ပေးခဲ့တဲ့အတွက်လည်း တောင်းပန်ခဲ့ရပါတယ်။ အဲဒီနောက်မှာ ကုမ္ပဏီက အက်တ်ဟာ အနားယူဖို့အတွက် ကုမ္ပဏီက ထွက်တော့မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ် Victoria’s Secret ဖက်ရှင်ရှိုးပွဲကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။

Ref: Bella Hadid allegedly sexually harassed by Victoria’s Secret executive

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply