ကြက်ဟင်းခါးရွက် ရဲ့ဆေးဖက်ဝင်ပုံက

yyl-008-1.jpg

ခါးသက်သက်အရသာရှိပြီး ပြုတ်တို့ရင် စားလို့ကောင်းတဲ့ ကြက်ဟင်းခါးရွက် လေးတွေကလည်း ကြက်ဟင်းခါးသီးလိုပဲ ဆေးဖက်ဝင်ပါတယ်။ ဘယ်လို ကျန်းမာရေးအခြေအနေတွေအတွက် ကြက်ဟင်းခါးရွက် လေးကို သုံးလို့ရလဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

ကြက်ဟင်းခါးရွက် ဆိုတာ

အစိမ်းရောင်ရှိပြီး နှာမောင်းလေးတွေနဲ့ အရိုးတံခပ်ပျော့ပျော့ စိမ်းစိမ်းလေးတွေပါ။ အပွင့် ဝါဝါလေးတွေပွင့်တတ်ပြီး နွယ်ပင်တစ်မျိုးပါ။ ကြီးထွားတာလည်း မြန်ပါတယ်။

ဘယ်လိုအာဟာရဓာတ်တွေပါလဲ…………..
ကြက်ဟင်းခါးရွက်မှာ
ကာဗိုဟိုက်ဒရိတ်
ပရိုတင်း
ဗီတာမင် K
ဗီတာမင် B6
ဗီတာမင် B9
ဗီတာမင် B2
ဗီတာမင် C နဲ့
သံဓာတ်
ကယ်လ်ဆီယမ်
ဖော့စဖရိတ်တို့ ပါဝင်နေပါတယ်။

ကြက်ဟင်းခါးရွက်ကပေးတဲ့ ကျန်းမာရေး

ကြက်ဟင်းခါးရွက်ကို စားသုံးပေးတာက

ဆီးချို ကာကွယ်နိုင်တယ်

ကြက်ဟင်းခါးရွက်ကို ပြုတ်တို့တာဖြစ်ဖြစ် အရွက်ကို ကြိတ်ခြေပြီး ရလာတဲ့ သတ္တုရည်ကို သောက်ပေးတာဖြစ်ဖြစ်၊ ပြုတ်ရည်ကိုသောက်တာဖြစ်ဖြစ်လုပ်ပေးမယ်ဆိုရင် အမျိုးအစား – ၂ ဆီးချိုရောဂါကို သက်သာစေနိုင်မှာဖြစ်သလို ကာကွယ်ရာလည်းရောက်ပါတယ်။ အကြောင်းကတော့ ကြက်ဟင်းခါးရွက်ကသွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်လို့ပါ။

လိပ်ခေါင်း သက်သာစေနိုင်တယ်

လိပ်ခေါင်းရောဂါခံစားနေရသူတွေအနေနဲ့ ကြက်ဟင်းခါးရွက် အရည်ကိုသုံးဆောင်ပေးလို့ရပါတယ်။ မနက်ခင်းတိုင်း ကြက်ဟင်းခါးရွက်ကြိတ်ရည်ကို သောက်သုံးပေးတာက လိပ်ခေါင်းသက်သာစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးနိုင်မှာပါ။

ဝမ်းပျက်ဝမ်းလျှော

ဝမ်းပျက်ဝမ်းလျှောဖြစ်နေတာကို သက်သာချင်တယ်ဆိုရင် ဝမ်းပျက်ဝမ်းလျှောဖြစ်ဖြစ်ချင်းမှာ ကြက်ဟင်းခါးရွက်ကြိတ်ရည်ကို သောက်ပေးလို့ရပါတယ်။

ပန်းနာရင်ကျပ်ရောဂါ

ပန်းနာရင်ကျပ်ရောဂါကို သက်သာစေဖို့ဆိုရင် ကြက်ဟင်းခါးရွက်နဲ့ပင်စိမ်းရွက်တို့ကို ဆတူရောလို့ ကြိတ်ပြီး ရလာတဲ့အနှစ်ကို ပျားရည်နဲ့ ရောပြီး လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ မနက်ခင်းမှာ စားသုံးပေးပါ။ ကာကွယ်ဖို့ရော ကုသဖို့ပါ အသုံးပြုလို့ရပါတယ်။

လည်ချောင်းနာတာ

လည်ချောင်းနာတာကို သက်သာစေဖို့အတွက်လည်း ရေနွေးဆူဆူထဲကို ကြက်ဟင်းခါးရွက်နဲ့ ပင်စိမ်းရွက်တို့ကို ထည့်လို့ ၁၅ မိနစ်လောက်ထားပြီး ပျားရည်အနည်းငယ်ထည့်လို့ သောက်ပေးလို့ရပါတယ်။ အဖျားရှိခဲ့ရင်လည်း ဒီနည်းက အသုံးဝင်ပါတယ်။

အဆစ်ရောင်နာ

အဆစ်တွေရောင်ရမ်းနာကျင်နေတာကို သက်သာစေဖို့ဆိုရင် ကြက်ဟင်းခါးရွက်ကို ကြိတ်လို့ရလာတဲ့အရည်ထဲကို ပျားရည်နည်းနည်းထည့်လို့ သောက်ပေးလို့ရပါတယ်။

အသည်းရောင် အသားဝါ

အသည်းရောင်အသားဝါရှိသူတွေ အနေနဲ့လည်း သက်သာစေဖို့ ကြက်ဟင်းခါးရွက်ကို စားသုံးပေးလို့ရပါတယ်။

အရေပြားပြဿနာ

အရေပြားပြဿနာအမျိုးမျိုးအတွက်လည်း ကြက်ဟင်းခါးရွက်ကို ကြိတ်ခြေပြီး လိမ်းပေးလို့ရပါတယ်။ အပူလောင်တာကနေစလို့ အနာတွေဖြစ်တာအထိ အရေပြားပြဿနာ အမျိုးမျိုး အတွက် ကြက်ဟင်းခါးရွက်ကို အသုံးပြုပေးလို့ရပါတယ်။

လက်ဖျားခြေဖျားတွေပူတာ

လက်ဖျားခြေဖျားတွေမှာ ပူသလိုလို စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုးတွေကို သက်သာစေဖို့လည်း ကြက်ဟင်းခါးရွက်ကြိတ်ရည်ကို လိမ်းပေးလို့ရပါတယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ………..

ကြက်ဟင်းခါးရွက်က ဆေးဖက်ဝင်တယ်ဆိုပေမယ့် ဒီလိုလူတွေကတော့ မစားတာကောင်းပါတယ်။ ကျန်းမာရေးကို ထိခိုက်လာစေနိုင်တာကြောင့်ပါ။

ကိုယ်ဝန်ဆောင် မိခင်တွေ
နှလုံးရောဂါရှိသူတွေ
အစာအိမ်ပြဿနာရှိသူတွေ
ဝမ်းပျက်လွယ်တဲ့သူတွေကတော့ မစားတာကောင်းပါတယ်။

ကြက်ဟင်းခါးရွက်လေးကို တစ်ပတ်ကို နှစ်ကြိမ်နဲ့ အထက်စားပေးတာက ခန္ဓာကိုယ် ကျန်းမာရေးကို ဂရုစိုက်ရာကျပါတယ်။

Ref : HelloSayarwon

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top