ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အဖွဲ့ဆုံးဖြတ်ချက် မူကြမ်းမှာ ဒေါ်နယ်ထရမ့်ရဲ့ အစီအစဉ်ကို ဝေဖန်

yyl-012-2.jpg

အနောက်ကမ်းပါးက အိမ်ရာစခန်းတွေအပေါ် အချုပ်အခြာအာဏာ လွှမ်းမိုးမယ့် အစ္စရေးနိုင်ငံရဲ့ အစီအစဉ်ကို ရှုတ်ချတယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အဖွဲ့ဆုံးဖြတ်ချက်မူကြမ်းမှာ ဖော်ပြထားပါတယ်။ ဒါဟာ အစ္စရေးနိုင်ငံကို ထောက်ခံတဲ့ ဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးအစီအစဉ်ကို ဝေဖန်ရာရောက်ပါတယ်။ တူနီးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင် နိုင်ငံတွေထံ ဖြန့်ဝေခဲ့တဲ့ အဖွဲ့ဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန်နိုင်ငံက ဗီတိုအာဏာနဲ့ ပယ်ချဖို့ ရှိနေပါတယ်။

အဖွဲ့ဆုံးဖြတ်ချက်မူကြမ်းနဲ့ပတ်သက်ပြီး အခုတစ်ပတ်နှောင်းပိုင်းမှာ စတင်ဆွေးနွေးဖွယ်ရှိတယ်လို့ သံတမန်တွေက ပြောပါတယ်။ ပါလက်စတိုင်းအုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် မာမွတ်အဘားစ်ကတော့ အဲဒီအစီအစဉ်နဲ့ပတ်သက်ပြီး လာမယ့်တစ်ပတ်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တင်ပြဆွေးနွေးဖွယ်ရှိနေပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ်အရ အနောက်ကမ်းပါးမှာရှိတဲ့ ဂျူးအိမ်ရာစခန်းတွေအပေါ် အစ္စရေးနိုင်ငံရဲ့ အချုပ်အခြာအာဏာ သက်ရောက်တာကို အသိအမှတ်ထားပါတယ်။ ပါလက်စတိုင်းတွေအနေနဲ့ နိုင်ငံတည်ထောင်ဖို့အတွက် တော်တော်ခက်ခဲတဲ့ အခြေအနေတွေကို လက်ခံရမယ့် အနေအထားမျိုး ရေးသားထားပါတယ်။ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ်ကို ဒေါ်နယ်ထရမ့်ရဲ့ ထိပ်တန်းအကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်နေတဲ့ သမက်ဖြစ်သူ ဂျရတ်ကက်ရှ်နာက (၃)နှစ်အချိန်ယူပြီး ရေးသားခဲ့တာပါ။ ဂျရတ်ကက်ရှ်နာကတော့ လာမယ့်ကြာသပတေးနေ့ကျရင် အဲဒီအစီအစဉ်နဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီ သံအမတ်တွေကို အကျဉ်းချုံးတင်ပြဖို့ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top