ဂျိမ်းစ်ဘွန်းမင်းသမီး Covid-19 ကူးစက်ခံရ

16-3-2020-yyl-023.jpg

ဂျိမ်းစ်ဘွန်းဇာတ်ကား(Quantum of Solace)မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး အိုဂါကူရီလင်ကိုက Covid-19 ကူးစက်ခံထားရတယ်လို့ ထုတ်ပြောလိုက်ပါတယ်။ အသက် ၄၀ အရွယ်ရှိတဲ့ ကူရီလင်ကိုဟာ ဖျားနာမှုနဲ့ ပင်ပန်းနွမ်းနယ်မှုဒဏ်ကို တစ်ပတ်လောက်နီးပါး ခံစားခဲ့ရပြီးနောက် Covid-19 ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ ကူရီလင်ကိုက အိမ်တံခါးပိတ်ပြီး သီးသန့်ခွဲခြားနေထိုင်လျက်ရှိပါတယ်။ သူ့အိမ်ပြတင်းပေါက်တံခါးပိတ်ထားတဲ့ပုံကို ဓာတ်ပုံရိုက်ပြီး အင်စတာဂရမ်မှာ တင်ထားပါတယ်။

ဆိုဗီယက်ပြည်ထောင်စု(ဟောင်း)မှာ မွေးဖွားတဲ့ ကူရီလင်ကိုဟာ ၂၀၀၈ ခုနှစ်ထွက် Quantum of Solace ဇာတ်ကားမှာ မင်းသား ဒန်နီယယ်ခရိတ်နဲ့တွဲဖက်ပြီး ဘိုလစ်ဗီးယားထောက်လှမ်းရေးအေးဂျင့် ကာမီမွန်တက်စ်အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ သူဟာ ဆိုဗီယက်ပြည်ထောင်စု (ဟောင်း)ရဲ့ ယူကရိန်းနိုင်ငံမှာ မွေးဖွားခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ပြင်သစ်နိုင်ငံသား ခံယူထားသူပါ။ ကူရီလင်ကိုဟာ လန်ဒန်မှာ ဆယ်စုနှစ်တစ်ခုနီးပါး နေထိုင်ခဲ့ပေမဲ့ အခုလက်ရှိ ဘယ်နေရာမှာ အသွားအလာ ကန့်သတ်ပြီး သီးခြားနေထိုင်သလဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။ မင်းသားကြီး တွမ်ဟန့်ခ်နဲ့ ဇနီးသည် ရီတာဝီလ်ဆင်တို့ Covid-19 ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိပြီးနောက် ရက်ပိုင်းအကြာမှာပဲ ကူရီလင်ကိုမှာ Covid-19 ကူးစက်ခံထားရတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။ တွမ်ဟန့်ခ်နဲ့ ရီတာဝီလ်ဆင်တို့ကတော့ သြစတြေးလျနိုင်ငံမှာ ဆေးရုံတက်ရောက် ကုသမှုခံယူနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top