ကိုယ့်နောက်လိုက်ပြီး ဗီဒီယိုရိုက်ပေးမယ့် Snapchat ရဲ့ အသေးစားဒရုန်းကင်မရာ

2-5-2022-yyl07.jpg

Snapchat က အသေးစား ဒရုန်းကင်မရာ Pixy ကို မိတ်ဆက်ပြသခဲ့ပါတယ်။ Pixy က အိတ်ဆောင်အရါယ်အစား ဒရုန်းကင်မရာဖြစ်ပြီး ဈေးကွက်ထဲက တခြားဒရုန်းတွေလို ထိန်းချုပ်ခလုတ် မလိုပါဘူး။ အဖွင့်အပိတ် ခလုပ်ကို လှည့်လိုက်ရုံပါပဲ။ လက်ပေါ်ကနေ ပျံတက်ပြီး လက်ထဲကို ညင်ညင်သာသာ ပြန်ဆင်းသက်လာမှာပါ။ ပျံသန်းမှုပုံစံ ၄ မျိုး ထည့်ထားပါတယ်။ လေထဲမှာ တန့်နေတာ၊ ဝေ့ဝိုက်ပျံသန်းတာ၊ လူနောက်လိုက်တာတွေ လုပ်နိုင်ပါတယ်။

12 megapixel sensor တပ်ထားပြီး 16 GB storage ဖြစ်လို့ ဗီဒီယို ၁၀၀၊ ဓာတ်ပုံ ၁၀၀၀ သိမ်းဆည်းထားနိုင်ပါတယ်။ ဘက်ထရီတစ်လုံးတည်း တပ်ဆင်ထားပြီး ဘက်ထရီအပါ အလေးချိန်က ၁၀၁ ဂရမ်ပဲ ရှိပါတယ်။ နောက်ထပ် ဘက်ထရီထပ်တပ်မယ်ဆိုရင်တော့ အမေရိကန်ဒေါ်လာ ၂၀ လောက် ကျမှာပါ။ Pixy ကို အားအပြည့်သွင်းထားရင် ၅ ကြိမ်ကနေ ၈ ကြိမ်ကြား ပျံသန်းနိုင်ပါတယ်။ တစ်ကြိမ်ကိုတော့ ၁၀ စက္ကန့်ကနေ စက္ကန့် ၂၀ ကြား ပျံနိုင်ပါတယ်။

Pixy က ရိုက်ကူးထားတဲ့ ဗီဒီယိုတွေအားလုံးကို Snapchat Memories ဆီ တိုက်ရိုက်ပေးပို့မှာဖြစ်ပြီး edit ပြန်လုပ်လို့ ရပါတယ်။ Snapchat နဲ့ တွဲသုံးဖို့ ထုတ်လုပ်ထားတာဖြစ်ပေမဲ့ တခြားပလက်ဖောင်းတွေမှာလည်း အသုံးပြုလို့ ရပါတယ်။ Pixy က လူတွေရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်ကို ခွဲခြားမှတ်သားဖို့ computer vision ၊ object recognition နည်းပညာ( ပုံရိပ်ယောင်္ငတွေအကြောင်း နားလည်ကို ကွန်ပျူတာကို မှတ်ဉာဏ်တုနည်းပညာအသုံးပြု သင်ကြားပေးမှု) အသုံးပြုထားလို့ လွှတ်တင်ခဲ့သူရဲ့ လက်ထဲကိုပဲ ပြန်ဆင်းသက်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၃၀ ကျသင့်မှာဖြစ်ပြီး လောလောဆယ်တော့ အမေရိကန်နဲ့ ပြင်သစ်မှာပဲ ဝယ်ယူလို့ရဦးမှာပါ။

Ref: Theverge “SNAPCHAT’S FLYING CAMERA”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top