သန္ဓေသားရှိနေတဲ့ ဝေလငါး ၁၂၀ ကျော် ဂျပန်မှာ သတ်ဖြတ်ခံရ

2500.jpg

ကိုယ်ဝန်လွယ်ထားရတဲ့ ဝေလငါး အကောင် ၁၂၀ ကျော်ဟာ သုတသနပြုလုပ်ဖို့အကြောင်းပြချက်နဲ့ ဂျပန်နိုင်ငံမှာ သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ နောက်ဆုံး သတ်ဖြတ်ခဲ့တဲ့ အကြိမ်သတ်ဖြတ်မှုက ဇီဝဆိုင်ရာ နမူနာတွေကို စုံစမ်းလေ့လာဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပြီး တောင်ဝင်ရိုးစွန်း ပင်လယ်ပြင်မှာရှိတဲ့ သတ္တဝါတွေရဲ့ ဖြစ်တည်မှု ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ရူပဗေဒနဲ့ဆိုင်တဲ့ စွမ်းအင်တွေကို လေ့လာဖို့ အတွက်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ နွေရာသီတုန်းက ဝေလငါး ၃၃၃ ကောင်လောက် သတ်ဖြတ်ခဲ့ပြီး အဲဒီထဲမှာ ကိုယ်ဝန်လွယ်ထားရတဲ့ ဝေလငါး အကောင် ၁၂၀ ကျော်ထိ ပါဝင်နေပါတယ်။ ဝေလငါး ၆၇ ရာခိုင်နှုန်းလောက်ဟာ ကိုယ်ဝန်လွယ်ထားရင်း အသတ်ဖြတ်ခံနေရတာ ဖြစ်ပါတယ်။

သတ်ဖြတ်တဲ့နေရာမှာ ဝေလငါးတွေရဲ့ ခန္ဓာကိုယ်ထဲကို ၃၀ ဂရမ်လေးတဲ့ ပန်နီထရိတ် (Penthrite) ဓာတုဗုံးပါတဲ့ မှိန်းကို ပစ်သွင်း သတ်ဖြတ်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နိုင်ငံတကာက မသတ်ဖြတ်ဖို့ ကန့်သတ်ထားလျက် အခုလို အငြင်းပွားဖွယ် သတ်ဖြတ်မှုကို ဂျပန်မှာ ဆက်လက်လုပ်ဆောင်နေပြီး ဝေလငါးတွေကို သိပ္ပံလေ့လာချက်တွေအတွက် ပြုလုပ်ဖို့ ခေါင်းစဉ်ကို အကြောင်းပြကာ သတ်ဖြတ်နေကြတာပါ။

လတ်ဆတ်တဲ့ ဝေလငါးအသားတွေကို ဂျပန်ငါးဈေးကွက်ထဲမှာ ရောင်းဝယ်ဖောက်ကား နေကြတယ်လို့ ဂျပန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။

အပြည်ပြည်ဆိုင်ရာ ကြင်နာတတ်သော လူမှုအဖွဲ့အစည်းရဲ့ စီမံကိန်းမန်နေဂျာ တစ်ယောက်ဖြစ်တဲ့ အဲလက်ဇီယာ ဝဲလ်ဘီလက်ဖ် (Alexia Wellbelove) ကတော့ ဂျပန်နိုင်ငံမှာ အခုလို ဝေလငါးများစွာသတ်ဖြတ်နေမှုကို မတရားတိုက်ခိုက်မှုလို့ ပြေပာဆိုခဲ့ပြီး “သွေးပျက်စရာ ကိန်းဂဏန်းအချက်အလက်ပါပဲ ဒါဟာ စွဲချက်တင်သင့်တဲ့ အကြင်နာတရားမဲ့လုပ်ရပ်တစ်ခု” လို့ ရှုံ့ချပြစ်တင်ခဲ့ပါတယ်။

Ref: Daily Mail “More than 120 pregnant whales are slaughtered in Japan for ‘scientific research’ ”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top