အသက်တိုအောင်လုပ်မိနေတဲ့ ဆိုဒါသောက်ခြင်းအလေ့အထဆိုးတွေ

6-1-2021-yyl01.jpg

ဆိုင်တစ်ဆိုင်မှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် မုန့်တစ်ခုခုစားတာနဲ့ ဆိုဒါပါတဲ့အအေးကို မှာမိကြတာပါပဲ။ အအေးမသောက်မမှာဘဲနဲ့ကို မနေနိုင်ကြပါဘူးနော်။ အစားအစာစားပြီးတာနဲ့ ဖျော်ရည်လေးတစ်ခွက်သောက်လိုက်ရမှ ကျေနပ်တာပါ။ ဒါပေမဲ့ ဆိုဒါက သောက်တိုင်းမကောင်းပါဘူး။ ဘေးထွက်ဆိုးကျိုးရှိပါတယ်။ ဆိုဒါပါတဲ့ချိုရည်တွေက သကြားဓာတ်တွေပြည့်ဝနေပြီး သင့်ကို အသက်တိုစေနိုင်တယ်လို့ သိရပါတယ်။ သင်က ဆိုဒါကို မသောက်ဘဲမနေနိုင်ဘူးဆိုရင် ဆိုဒါသောက်ခြင်းအလေ့အထဆိုးတချို့ကိုတော့ သိထားသင့်ပါတယ်။ ဒါမှ ချင့်ချိန်ပြီး သောက်နိုင်မှာဖြစ်ပါတယ်။ အသက်တိုစေနိုင်တဲ့ ဆိုဒါသောက်ခြင်းအလေ့အထဆိုးတွေကတော့

တစ်ခါတည်းနဲ့ အချိုရည်ကို တစ်ခွက် (သို့) တစ်ဗူးထက်ပိုသောက်တာ

တစ်ခါတည်းနဲ့ ဆိုဒါတစ်ခွက်ထက်ပိုသောက်သုံးတာက ဆိုးရွားတဲ့အန္တရာယ်ကို ဖြစ်စေနိုင်ပါတယ်။ ၂၀၁၉ခုနှစ်က American Medical Association ဂျာနယ်မှာ ဖော်ပြထားတဲ့ လေ့လာချက်မှာတော့ တစ်ခါတည်းနဲ့ အချိုရည်(၂) ခွက် (သို့) တစ်ဗူးထက်ပိုသောက်တာက အကြောင်းအမျိုးမျိုးနဲ့ လူတွေရဲ့သေဆုံးနိုင်ခြေကို မြင့်မားစေနိုင်တယ်လို့ ဆိုထားပါတယ်။

Diet Soda ကို ရွေးချယ်သောက်သုံးတာ

အထူးစီမံပြုလုပ်ထားတဲ့အချိုရည်တွေကလည်း လူတွေရဲ့အသက်သေဆုံးနိုင်ခြေကို ၂၆ ရာခိုင်နှုန်းလောက် တိုးလာစေနိုင်တယ်လို့ အဲဒီလေ့လာချက်မှာ တွေ့ရပါတယ်။ ရိုးရိုးတန်းတန်းသကြားပါတဲ့ အချိုရည်က ၈ ရာခိုင်နှုန်းလောက်ပဲ သေဆုံးနိုင်ခြေမြင့်မားလာတယ်လို့ သိရပါတယ်။ သကြားအများကြီးပါဝင်တဲ့ဆိုဒါတွေလိုပဲ Diet Soda တွေက (၃) ဆလောက် အန္တရာယ်များပါတယ်။

သကြားအများကြီးပါတဲ့ဆိုဒါတွေကို ရွေးချယ်သောက်သုံးတာ

Diet လုပ်တဲ့သူတွေအတွက် အထူးစီမံပြုလုပ်ထားတဲ့ ဆိုဒါတွေက ပိုပြီး အန္တရာယ်ရှိတယ်လို့ ပြောပေမဲ့ သကြားပဲပါဝင်တဲ့ ဆိုဒါတွေက အန္တရာယ်ကင်းတယ်လို့တော့ မဆိုလိုပါဘူး။ သကြားပါဝင်မှုမြင့်မားတဲ့ဆိုဒါတွေကလည်း လူတစ်ယောက်ရဲ့အသက်ကို မြန်မြန်တိုးစေနိုင်တယ်လို့ လေ့လာချက်မှာတွေ့ရပါတယ်။ အချိုရည်သောက်မယ်ဆိုရင် သကြားပါဝင်မှုနည်းတဲ့တစ်ခုကို ရွေးချယ်သင့်ပါတယ်။

အရောင်များတဲ့ဆိုဒါတွေကို သောက်သုံးတာ

အစားအစာတွေကို ဆေးဆိုးထားတာကလည်း တကယ်အန္တရာယ်များပါတယ်။ ဆိုးဆေးတွေက သင်တို့ရဲ့ DNA ကို ထိခိုက်စေပြီး ကင်ဆာရောဂါကို အစပျိုးလာနိုင်တယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။ ဒါကြောင့် အချိုရည်မသောက်သုံးခင်မှာ ပါဝင်ပစ္စည်းတွေကို စစ်ဆေးရမှာဖြစ်ပြီး သဘာဝအရောင်နဲ့ပြုလုပ်ထားတဲ့ဆိုဒါတွေကို သောက်သုံးသင့်ပါတယ်။

Ref: Soda habits that are reducing your life
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top