အားကစားလုပ်ဖို့ရာမှာ လိုအပ်တဲ့ စိတ်အားထက်သန်မှု motivation

5-1-2021-yyl-27.jpg

အမြဲလိုလို လေ့ကျင့်ခန်းလုပ်ဖြစ်ဖို့ လိုအပ်မယ့် အချက်တွေက အများကြီးပါ။ ပန်းတိုင် သတ်မှတ်တာ၊ ပြင်ဆင်မှုတွေ လုပ်တာ၊ စည်းမျဉ်းတွေ ချမှတ်တာ၊ ဆုံးဖြတ်ချက်ချမှတ်တာတွေပါ။ ဒီအချက်တွေအပြင် အရေးအကြီးဆုံး အချက်တစ်ခုက စိတ်အားထက်သန်မှု ရှိနေဖို့ပါ။

တစ်ခါတလေ ဖြစ်တတ်တာက လေ့ကျင့်ခန်းလုပ်ချင်ပေမယ့် စိတ်မပါလို့ မလုပ်ရတာမျိုးပါ။ ဒီနေ့တော့ အိပ်ရာမနိုးလို့ ပင်ပန်းနေလို့ နောက်နေ့မှ လုပ်တော့မယ်ဆိုတာမျိုးပေါ့။ တကယ်က ဒီလိုဖြစ်နေတာက ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။ အခြားသူတွေရော အဲ့လိုပါပဲ။

လေ့ကျင့်ခန်းလုပ်တဲ့အခါ အောင်မြင်ဖို့ဆိုရင် မဖြစ်မနေ လိုအပ်မှာက စိတ်အားထက်သန်မှုပါ။ ဒီလို စိတ်အားထက်သန်မှု ဖြစ်စေဖို့ အနာဂတ်စီမံကိန်းတွေ ချမှတ်တာရှိသလို ဝိတ်ကျသွားတယ် အချိုးအစား လှပသွားမယ်စတဲ့ အချက်တွေကို ကြိုတင်စိတ်ကူးကြည့်တာမျိုးလည်း ရှိပါတယ်။

ဒီလိုတွေးကြည့်တာကလည်း လေ့ကျင့်ခန်းလုပ်ဖြစ်စေဖို့ အကောင်းဆုံး တွန်းအားပေးနိုင်ပါတယ်။

Motivationဆိုတာ ဘာလဲ။

Motivation ဆိုတာက အရမ်းကို ရိုးစင်းတဲ့ စကားရပ်တစ်ခုပါ။ သတ်မှတ်ထားတဲ့ ပန်းတိုင်၊ အောင်မြင်မှုဆီကို ရောက်ရှိအောင် ပို့ဆောင်ပေးမယ့် စိတ်ခွန်အားတစ်မျိုးပေါ့။ စိတ်အားထက်သန်မှုဆိုလည်း မမှားပါဘူး။

လေ့ကျင့်ခန်း လုပ်တဲ့အခါရလာမယ့် ရလဒ်ကို လိုချင်တဲ့ စိတ်နဲ့ လေ့ကျင့်ခန်း လုပ်တာရှိနိုင်သလို လေ့ကျင့်ခန်းလိုက်တဲ့အခါ ပေါ့ပေါ့ပါးပါး ဖြစ်သွားတာကို သဘောကျတဲ့စိတ်နဲ့ လေ့ကျင့်ခန်း လုပ်တာမျိုးလည်းရှိပါတယ်။

လေ့ကျင့်ခန်းလုပ်တဲ့အခါ ရရှိလာတဲ့ အကျိုးကျေးဇူးတွေကို သဘောကျတာကြောင့် လေ့ကျင့်ခန်းကို မလုပ်မနေရလုပ်ချင်တဲ့ဆန္ဒကို Motivation လို့ ခေါ်ပါတယ်။

Motivation ဘယ်ကလာ။

လူတစ်ယောက်အတွက် အရေးအကြီးဆုံး အချက်တစ်ခုက သူ့အတွက် Motivation က ဘယ်ကနေလာလဲဆိုတာကို သိဖို့ပါ။ Motivation က အပြင်က အရာတွေကနေ လာနိုင်သလို ကိုယ့်ခန္ဓာကိုယ်အတွင်းပိုင်းကနေလည်း လာတတ်ပါတယ်။

ပြင်ပကနေလာတဲ့ Motivation

ဒီ Motivation မျိုးက လေ့ကျင့်ခန်းလုပ်တဲ့အပေါ်ကနေ အခြေခံပြီးဖြစ်လာတဲ့ Motivation မျိုးပါ။ မြင်သာအောင် ပြောပြရရင်

  • ကိုယ့်ကိုယ်ကို ကြည့်ကောင်းစေချင်တာ
  • ကျောင်းသားမိတ်ဆုံစားပွဲအတွက် ဝိတ်ကျချင်တာ
  • ဗိုက်ကြွက်သား ချပ်ရပ်လှပချင်တာ
  • အရင်က ဝယ်ထားတဲ့ ဂျင်းဘောင်းဘီလေးကို ပြန်ဝတ်ချင်တာ
  • ကောလိပ်တက်တုန်းကလို ခန္ဓာကိုယ်အချိုးအစားလေး ရချင်တာ
  • ကိုယ်သဘောကျနေသူရဲ့ အမြင်မှာ ကြည့်ကောင်းနေစေချင်တာတွေပါ။
  • ခန္ဓာကိုယ်အတွင်းပိုင်းကလာတဲ့ Motivation


နောက်ထပ် Motivation အမျိုးအစားတစ်ခုကတော့ ခန္ဓာကိုယအတွင်းပိုင်းကလာတဲ့ Motivation ပါ။ မြင်သာအောင် ပြောပြရရင်

လေ့ကျင့်ခန်းလုပ်လို့ နေရထိုင်ရ အဆင်ပြေလာတာကို သဘောကျတာ
လေ့ကျင့်ခန်း လုပ်ရတာကို သဘောကျတာ
လေ့ကျင့်ခန်းလုပ်တာကြောင့် စိတ်ဖိစီးမှုတွေ ပြေလျော့သွားတာ
ခန္ဓာကိုယ်က ပိုပြီးကျန်မာသန်စွမ်းလာတယ်လို့ ခံစားမိတာ
လေ့ကျင့်ခန်း လုပ်တာက ပေါ့ပါးလန်းဆန်းစေတယ်လို့ ခံစားမိတာတွေပါ။


လေ့ကျင့်ခန်းလုပ်ဖို့ ပျင်းနေရတဲ့ အကြောင်းအရင်း


လေ့ကျင့်ခန်းလုပ်ဖို့ စိတ်အားမထက်သန်ရတဲ့ အကြောင်းအရင်းတွေက အများကြီးပါ။ မဖြစ်မနေကျော်လွှားရမယ့် အတားအဆီးတွေကတော့

  • အထိုင်များတဲ့အလုပ်
  • အထိုင်များတဲ့ နေထိုင်မှုပုံစံ
  • အလုပ်များတဲ့ နေထိုင်မှုပုံစံ
  • စိတ်ဖိစီးမှု
  • လေ့ကျင့်ခန်းလုပ်ဖို့ နေရာမရှိတာ
  • ပတ်ဝန်းကျင်က လေ့ကျင့်ခန်းလုပ်ဖို့ ဘေးကင်းတယ်လို့ မယူဆရတာတွေပါ။
  • ဒီလိုတွေဖြစ်တဲ့အခါ လေ့ကျင့်ခန်း လုပ်ချင်စိတ် မပျောက်စေဖို့ ကိုယ်တစ်ယောက်တည်းမှ ဒီအခြေအနေ ကြုံနေရတာ မဟုတ်ဘဲ အခြားသူတွေမှာလည်း ဒီအနေအထားမျိုး ကြုံနေရတယ်ဆိုတာကို စဉ်းစားစေချင်ပါတယ်။

ဒီအခြေအနေတွေကို အကောင်းဆုံးကျော်လွှားနိုင်မှ လေ့ကျင့်ခန်း လုပ်နိုင်မှာဖြစ်ပြီး လေ့ကျင့်ခန်း လုပ်တာကနေရမယ့် အကျိုးကျေးဇူးတွေကိုလည်း ခံစားနိုင်မယ်ဆိုတဲ့ စိတ်ကလေး မွေးစေချင်တာပါ။

နောက်ထပ်ဖြစ်နိုင်တဲ့ အတားအဆီးတစ်ခုက လေ့ကျင့်ခန်း လုပ်ဖို့ ကိရိယာတွေ မရှိဘူးဆိုတာပါ။ တကယ်ကတော့ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်လှပစေဖို့အတွက် အားကစားကိရိယာတွေ မလိုဘဲ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေ အများကြီးပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ အပေါ်ကအချက်တွေအပြင် ဒီအချက်တွေကလည်း အတားအဆီးဖြစ်စေနိုင်ပါသေးတယ်။ ဒါကတော့ ကြောက်စိတ်၊ စိတ်ရှုပ်ထွေးတာ၊ နာကျင်တာ။ ထိခိုက်ခံစားရတာ၊ ပျင်းတာ၊ အားမလိုအားမရဖြစ်တာ၊ လေ့ကျင့်ခန်းလုပ်ရတာကို သဘောမတွေ့တာတွေပါ။

လေ့ကျင့်ခန်း လုပ်ဖို့အတွက် Motivation ရစေဖို့

လေ့ကျင့်ခန်းလုပ်ဖို့အတွက် Motivation ရစေဖို့က ကိုယ်တိုင် မွေးယူရမှာပါ။ လေ့ကျင့်ခန်း လုပ်တဲ့အခါ အသားအရေ လှလာမယ်။ နေရထိုင်ရ ပေါ့ပါးလာမယ်စတဲ့ အချက်တွေကို တွေးတောကြည့်ပါ။ နောက်တစ်ခု လုပ်လို့ရတာက လေ့ကျင့်ခန်း လုပ်တဲ့ ဗီဒီယိုဖိုင်လေးတွေ ဖွင့်ရင်း လေ့ကျင့်ခန်း အတူတူ လုပ်တာ၊ သီချင်းမြူးမြူးလေးတွေ ဖွင့်ရင်း လေ့ကျင့်ခန်း လုပ်တာမျိုးတွေပါ။ လေ့ကျင့်ခန်း လုပ်တဲ့အခါ တွေ့ကြုံရနိုင်တဲ့ အခက်အခဲ အတားအဆီးတွေကတော့ အများကြီးပါ။ ဒီအတားအဆီးတွေကို အကောင်းဆုံး ကျော်ဖြတ်ဖို့ဆိုရင်

  • လေ့ကျင့်ခန်းတွေကို လွယ်တာကနေ စလုပ်ပါ
  • ကိုယ်သဘောအကျဆုံး လ့ကျင့်ခန်း အမျိုးအစားကို ရှာဖွေပါ
  • ကောင်းမွန်တဲ့အရာတစ်ခုခုကို တွေးပါ
  • အထောက်အပံ့ ဖြစ်စေမယ့်အရာကို ရှာပါ
  • ကိုယ်တိုင် စမ်းသပ်လုပ်ဆောင်ပါ
  • သက်တောင့်သက်သာ ဖြစ်ပါစေ
  • ကိုယ့်ကိုယ်ကို ဆုချပါ။

Takeaways

Motivation က လေ့ကျင့်ခန်း လုပ်ဖြစ်စေဖို့ အကောင်းဆုံး တွန်းအားပေးနိုင်တဲ့ အရာတစ်ခုဖြစ်သလို နေ့စဉ် ကျန်းမာပျော်ရွှင်နေစေဖိုပ အရေးပါတဲ့အရာတစ်ခုလည်း ဖြစ်ပါတယ်။ လေ့ကျင့်ခန်းက စလုပ်စမှာ အတော်လေး ရုန်းကန်ရနိုင်ပေမယ့် နောက်ပိုင်းတဖြည်းဖြည်းနဲ့ လွယ်ကူလာပါလိမ့်မယ်။ ဒီလို လွယ်ကူလာစေဖို့ အရေးပါဆုံးသော အရာက အားကစားလုပ်ဖို့ရာမှာ လိုအပ်တဲ့ စိတ်အားထက်သန်မှု motivation ကောင်းနေဖို့ပါ။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top