နေပြည်တော်၊ ပဲခူးနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေကို ကိုဗစ်ကာကွယ်ဆေးတချို့ဖြန့်ဖြူးပေးပြီးဖြစ်

221249241_4695249303837671_3864777433601518213_n.jpg

ရန်ကုန်၊ ဇူလိုင် (၂၈)

နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေကို ကိုဗစ်ကာကွယ်ဆေးတချို့ ဖြန့်ဖြူးပေးပြီးဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သိရပါတယ်။

တရုတ်နိုင်ငံက လှူဒါန်းထားတဲ့ Covid-19 ရောဂါ ကာကွယ်ဆေး (၃) သန်းထဲကမှ နေပြည်တော်ကောင်စီနယ်မြေကို ကာကွယ်ဆေး (၁၆၀၀၀)၊ ပဲခူးတိုင်းဒေသကြီးကို ကာကွယ်ဆေး (၂၄၀၀၀) နဲ့ ဧရာဝတီတိုင်းဒေသကြီးကို ကာကွယ်ဆေး (၄၀၀၀၀) တို့ကို ဇူလိုင်လ (၂၇) ရက်နေ့က ဖြန့်ဖြူးပေးပြီး ဖြစ်ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ ကျန်ရှိနေသေးတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ကာကွယ်ဆေးတွေဆက်လက်ဖြန့်ဖြူးပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့ပြင် ဝေးလံခက်ခဲတဲ့ဒေသတွေကို တပ်မတော်(လေ)က မြန်မာ့လေကြောင်း အကူအညီနဲ့ လေကြောင်း ခရီးကတစ်ဆင့်ကာကွယ်ဆေးတွေကို ဆက်လက်ဖြန့်ဖြူးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကာကွယ်ဆေးထိုးနှံတဲ့အခါ ဦးတည်အုပ်စုလူဦးရေ၊ ဦးစားပေးအစီအစဉ်တွေနဲ့ အညီ ပြည်သူတွေကို အမြန်ဆုံးထိုးနှံပေးရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ စီစဉ်ဆောင်ရွက်နေပါတယ်။

Photo- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top