မျိုးသက်လွင်အတွက် တိုက်ခန်းဝယ်ပေးဖို့ စဥ်းစားနေ

myo-thet-lwin-mtl.jpg

လှိုင်သာယာလုယက်မှုမှာ ပြန်လည်ခုခံကာကွယ်ခဲ့တဲ့ မောင်မျိုးသက်လွင်အတွက် အမှုအခင်းကနေ လွတ်မြောက်လာရင် ဘေးအန္တရာယ်ကင်းကင်း နေထိုင်နိုင်မယ့်နေရာမှာ တိုက်ခန်းတစ်ခန်းဝယ်ပေးဖို့ စဥ်းစားထားတယ်လို့ FAME ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုဒါရိုက်တာ ဒေါက်တာခင်မောင်လွင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပြောကြားလိုက်ပါတယ်။

သူ့ရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုပေးတဲ့အနေနဲ့ဝယ်ပေးဖို့ စဥ်းစားတာဖြစ်ပြီး အနယ်နယ်အရပ်ရပ်က မိဘပြည်သူတွေရဲ့လှူဒါန်းထောက်ပံငွေအားလုံးနဲ့ ဝယ်ယူပေးသွားမှာဖြစ်ပါတယ်။ လိုအပ်တဲ့ငွေကြေးပိုင်းကိုလည်း ဒေါက်တာခင်မောင်လွင်ကိုယ်တိုင်စိုက်ထည့်ပြီး ဆောင်ရွက်ပေးသွားမှာပါ။

အနယ်နယ်အရပ်ရပ်ကပြည်သူတွေရဲ့ ထောက်ပံငွေတွေကို စီမံခန့်ခွဲဖို့အတွက် ဒီကနေ့မှာပဲ Factory Director နဲ့ Financial Controller တို့အမည်နဲ့ Joint Saving Account(KBZ-06430206400136701)တစ်ခုဖွင့်ပြီး ထောက်ပံလှူဒါန်းငွေအားလုံးကို စာရင်းဇယားနဲ့ သေချာထားရှိပေးထားတယ်လို့လည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ထည့်သွင်းရေးသားထားပါတယ်။

မောင်မျိုးသက်လွင်ရဲ့ အမှုအခင်းကိစ္စ ပြီးဆုံးတဲ့အထိ လိုအပ်တဲ့ ငွေကြေးအားလုံးကို သူက တာဝန်ယူ ကူညီပေးသွားမှာ ဖြစ်ပြီး ကူညီထောက်ပံ့မှုများအားလုံးကိုလည်း သူကိုယ်တိုင် တိတိကျကျ စီမံခန့်ခွဲပေးသွားမှာပါလို့ ဒေါက်တာခင်မောင်လွင်က ဆိုထားပါတယ်။

မောင်မျိုးသက်လွင်အတွက် ထောက်ပံ့ငွေမကောက်ခံပေမဲ့ ကိုယ်ချင်းစာနာပြီး အနယ်နယ်အရပ်ရပ်မှ ဝန်ကြီးချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကုမ္ပဏီများ၊ လူမှုရေးအဖွဲ့အစည်းများနဲ့ မိဘပြည်သူများက ကူညီထောက်ပံ့ငွေများ ပေးပို့လှူဒါန်းထားတယ်လို့ သိရပါတယ်။

Photo- Dr Khin Maung Lwin-FAME

KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top