အင်းစိန်ထောင်က အကျဉ်းသားတချို့ကို ဒီနေ့မှာ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံ

221367200_167784182089202_6927434821181232506_n.jpg

ရန်ကုန်၊ ဇူလိုင် (၂၈)

ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်က အကျဉ်းသားတချို့နဲ့ အချုပ်သားတချို့ကို ဒီနေ့မှာ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့တယ်လို့ အကျဉ်းဦးစီးဌာနက သိရပါတယ်။

“အင်းစိန်ထောင်အတွင်းက ဆေးရုံမှာပဲ အကျဉ်းသား၊ အချုပ်သား၊ အမျိုးသား၊ အမျိုးသမီးတွေထဲက လူပေါင်း (၆၀၀) ကျော်ကို ဒီနေ့မှာ ပထမဆုံးအကြိမ်အနေနဲ့ တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့တာပါ။ အခုထိတော့ ကာကွယ်ဆေးထိုးဖို့ စာရင်းပေးထားသူ (၂၅၀၀) ကျော်လောက်ရှိပါတယ်။” လို့ အင်းစိန်ဗဟိုအကျဉ်းထောင် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်မှာ အကျဉ်းသား၊ အချုပ်သား၊ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၉၀၀၀) ကျော်ရှိနေတယ်လို့ အကျဉ်းဦးစီးဌာနထုတ်ပြန်ချက် အရသိရပါတယ်။

Photo- ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top