ဆံပင်အဖျားနှစ်ခွဖြစ်တာကို သက်သာသွားစေနိုင်တဲ့ အိမ်တွင်းနည်းလမ်းများ

unnamed-4.png

ဆံပင်အဖျားနှစ်ခွဖြစ်တာကို မိန်းကလေးတိုင်း ကြုံတွေ့ကြရပါတယ်။ ဆံပင်အဖျားနှစ်ခွတွေက သင့်ဆံသားကို ခြောက်သွေ့ကြမ်းတမ်းပြီး ရှုပ်ပွစေတဲ့အပြင် ဆံပင်သန်စွမ်းတာကိုလည်း ရပ်တန့်စေပါတယ်။ အိမ်မှာ ကိုယ်တိုင်ပြုလုပ်တဲ့ ဆံပင်ပေါင်းတင်ဆေးတွေက ဆံပင်အဖျားနှစ်ခွဖြစ်ပြီး ပျက်စီးတာကို ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်။ ဒါကြောင့် ဆံပင်အဖျားနှစ်ခွဖြစ်တာကို သက်သာသွားစေနိုင်ဖို့အတွက် အိမ်တွင်းနည်းလမ်းတချို့နဲ့ လုပ်ကြည့်ဖို့ လိုပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာကို အောက်မှာ ဖော်ပြပေးလိုက်ရပါတယ်။

ဒိန်ချဉ်နဲ့ သံလွင်ဆီ ဆံပင်ပေါင်းတင်နည်း

သံလွင်ဆီက fatty acid ပါဝင်ပြီး ဆံသားရဲ့အစိုဓာတ်ကို ထိန်းပေးကာ ဆံပင်ပျက်စီးတာကို ကာကွယ်ပေးနိုင်ပါတယ်။ ဒိန်ချဉ်ကတော့ ဉီးရေပြားက ဆဲလ်အသေတွေကို ဖယ်ရှားပေးတဲ့ လက်တစ်အက်ဆစ်ပါဝင်ပါတယ်။ ဉီးရေပြားကျန်းမာမှ ကျန်းမာတဲ့ဆံသားကို ပေးစွမ်းမှာဖြစ်ပါတယ်။ သံလွင်ဆီ (စားပွဲတင်ဇွန်း ၂ ဇွန်း) ကို ဒိန်ချဉ်ခွက်တစ်ဝက်နဲ့ ရောစပ်ပြီး သင့်ဆံသားမှာ လိမ်းလိုက်ပါ။ ပြီးရင် မိနစ် ၂၀ – ၃၀ လောက် ထားပြီးမှ ဆံပင်ကို သန့်စင်ပေးလိုက်ရမှာဖြစ်ပါတယ်။

ကြက်ဉအနှစ်နဲ့ ပျားရည်ဆံပင်ပေါင်းတင်နည်းကြက်ဉအနှစ်နဲ့ ပျားရည်ဆံပင်ပေါင်းတင်နည်း

ပျားရည်က ဆံသားခြောက်သွေ့တာကို ကာကွယ်ပေးပြီး အစိုဓာတ်ထိန်းပေးနိုင်တဲ့ဓာတ်တွေ သဘာဝအလျောက်ပါဝင်ပါတယ်။ ကြက်ဉကတော့ ဆံပင်နှစ်ခွဖြစ်တာဆိုးရွားလာတာကနေ ကာကွယ်ပေးနိုင်တဲ့ အမီနိုအက်ဆစ်ကြွယ်ဝပါတယ်။ ဒီပါဝင်ပစ္စည်းနှစ်မျိုးက ဆံသားပျက်စီးတာကို ပြန်လည်ကောင်းမွန်လာစေပြီး ပြန်လည်နက်မှောင်တောက်ပြောင်လာစေနိုင်ပါတယ်။ သင် လုပ်ဖို့လိုအပ်တာက ကြက်ဉတစ်လုံးရဲ့အနှစ်နဲ့ ပျားရည် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) တို့ကို ရောစပ်ပြီး သင့်ဆံပင်မှာ လိမ်းပေးရမှာပါ။ ခေါင်းလျှော်ရည်အပျော့စားနဲ့ မလျှော်ပစ်ခင် (၁) နာရီလောက် ပေါင်းတင်ထားရမှာဖြစ်ပါတယ်။

အုန်းဆီနဲ့ ကုသနည်း

အုန်းဆီက သင့်ဆံပင်အတွက် အကောင်းဆုံးဆီတွေထဲက တစ်ခုပါ။ အုန်းဆီ ခွက်တစ်ဝက်ကို ၁၅ စက္ကန့်လောက် မိုက်ခရိုဝေ့နဲ့ အပူပေးလိုက်ပြီး ခြောက်သွေ့တဲ့ဆံပင်ကို လိမ်းလိုက်ပါ။ ဆံပင်နှစ်ခွဖြစ်တာကို သက်သာသွားဖို့အတွက် ဉီးရေပြားပေါ်နဲ့ အဖျားတွေကို လိမ်းပေးလို့ရပါတယ်။ သင့်ခေါင်းကို တဘက်နဲ့ ပတ်ထားလိုက်ပြီး အနည်းဆုံး နာရီဝက်အချိန်ပေးလိုက်ပါ။ ပြီးရင် ခေါင်းလျှော်ရည်အပျော့စားနဲ့ ခေါင်းလျှော်လိုက်ရုံပါပဲ။

ပန်းသီးအရက်ဗင်နီဂါနဲ့ ဆံသားကို လောင်းချနည်း

ဗင်နီဂါနဲ့ ဆံသားကို လောင်းချတာက ဆံပင်ကို အရမ်းနူးညံ့စေပါတယ်။ ပန်းသီးအရက်ဗင်နီဂါမှာ အက်စီတစ်အက်ဆစ်ပါဝင်ပြီး ဆံပင်က အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ဆံသားကို သန်မာလာစေပါတယ်။ ရေတစ်ဝက်ခွက်ကို ဆူအောင်တည်ပြီး အအေးခံလိုက်ပါ။ ပြီးရင် ပန်းသီးအရက်ဗင်နီဂါ (စားပွဲတင်ဇွန်း ၂ ဇွန်း) ထည့်ပြီး ခေါင်းလျှော်ပြီးနောက် ဆံပင်ပေါ် လောင်းချလိုက်ပါ။ ရေနဲ့ ဆေးမချခင် အချိန် (၁) မိနစ်လောက်ထားလိုက်ရမှာဖြစ်ပါတယ်။

Ref: DIY remedies to heal split ends at home


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top