ယာဉ်စီးခပုံးထဲမှရတဲ့ ရှေးဟောင်းငွေဒင်္ဂါး

coin2.jpg

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က ဖိုနီးရှန်းငွေဒင်္ဂါးပြားတစ်ပြားကို ဗြိတိန်နိုင်ငံ လိဒ်မြို့မှာ ပြေးဆွဲတဲ့ ယာဉ်စီးခပုံးထဲကနေ တွေ့ရှိခဲ့ပါတယ်။ လိဒ်မြို့ ပို့ဆောင်ရေးဌာန ငွေစာရင်းအကြီးအကဲ ဂျိမ်းစ်အက်ဒ်ဝပ်ဟာ ယာဉ်စီးခပုံးတွေထဲက အကြွေစေ့တွေကို ရေတွက်စစ်ဆေးပေးရလေ့ရှိပြီး ပယ်ထားရတဲ့ အကြွေစေ့တွေကို သစ်သားပုံးတစ်ခုထဲမှာ စုဆောင်းထားလေ့ရှိပါတယ်။

အကြွေစေ့တွေ ပျက်စီးနေတာ၊ အတုဖြစ်နေတာ ဒါမှမဟုတ် ပြည်ပမှာသုံးတဲ့ အကြွေစေ့တွေဆိုရင် စာရင်းမသွင်းဘဲ ပယ်လေ့ရှိပါတယ်။ အဲဒီလို ပယ်ထားတဲ့အကြွေစေ့တွေကို ဂျိမ်းစ်အက်ဒ်ဝပ်က သူ့မြေးအတွက် စူးစမ်းလေ့လာစရာ လက်ဆောင်တစ်ခုအဖြစ် သိမ်းထားခဲ့တာပါ။

ပင်လယ်ရေကြောင်း သွားလာမှုမှာ ကျွမ်းကျင်တဲ့ ဖိုနီးရှန်းတွေဟာ မြေထဲပင်လယ်တစ်ဝိုက်မှာ အခြေချနေထိုင်ခဲ့လေ့ရှိပြီး (ယခင်က ဂါဒီယာ၊ ယခု စပိန်နိုင်ငံ ကာဒဇ်မြို့)ကနေ ဗြိတိန်နိုင်ငံကို ဒီငွေဒင်္ဂါး ဘယ်လိုရောက်လာခဲ့သလဲဆိုတာတော့ မသိရပါဘူး။

နှစ်ထောင်ချီ သက်တမ်းရှိတဲ့ ရှေးဟောင်းငွေဒင်္ဂါးဖြစ်တာကြောင့် ဂျိမ်းစ်အက်ဒ်ဝပ်ရဲ့မြေးဖြစ်သူ ပီတာက လိဒ်မြို့ပြတိုက်ထံ လှူဒါန်းခဲ့တာဖြစ်ပြီး အခုလက်ရှိတော့ ပြတိုက်မှာ ပြသထားပါတယ်။

Ref: Someone Used This Coin as Bus Fare and Worker Discovers it was Minted by the Phoenicians 2,000 Years Ago

NZ (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top