အိုင်ပီဝှချ်မြို့ရဲ့သံတိုသံစအပုံထဲက မီးခံသေတ္တာက ငွေစက္ကူထောင်ပေါင်းများစွာကို ပရဟိတသို့ လှူဒါန်း

yyl-010-9.jpg

အိုင်ပီဝှချ်မြို့က သံတိုသံစရောင်းဝယ်ရေးက ဝန်ထမ်းတစ်ယောက်ဟာ မီးခံသေတ္တာတစ်ခုကို ပြန်လည်အသုံးပြုဖို့အတွက် ဖြတ်တောက်ခဲ့တဲ့အခါမှာ အဲဒီအထဲကနေ ပေါင် (၂၀,၀၀၀) လောက် ငွေစက္ကူတွေကို တွေ့ရှိခဲ့ပါတယ်။ ပိုင်ရှင်မပေါ်တဲ့အတွက် အဲဒီငွေတွေကို ပရဟိတကို လှူဒါန်းမယ်လို့ သိရပါတယ်။

အဲဒီဝန်ထမ်းက သံတိုသံစပုံရဲ့ မီးခံသေတ္တာတွေထဲကမှ တစ်ခုဟာ ငွေစက္ကူတွေနဲ့ ငွေဒင်္ဂါးအိတ်တွေရှိနေတာကို သတိပြုမိခဲ့တာပါ။ အဲဒီငွေတွေရဲ့ ပိုင်ရှင်ကို ဧပြီလကတည်းက စောင့်ဆိုင်းရင်းနဲ့ ရဲစခန်းမှာ ထားရှိခဲ့ပါတယ်။ ဒါပေမဲ့ ပိုင်ရှင်ပေါ်မလာခဲ့ပါဘူး။ အခုဆိုရင် အဲဒီငွေတွေကို East Anglian Children’s Hospice နဲ့ St Elizabeth Hospice ပရဟိတတွေကို ပေးအပ်လှူဒါန်းတော့မှာ ဖြစ်ပါတယ်။

သံထည်ရောင်းဝယ်ရေးနဲ့ MD ဒေးဗစ် ဒေါ့တ်က ပေါင် ၁၅,၀၀၀ ကနေ ပေါင် ၂၀,၀၀၀ကြာ ငွေစက္ကူတွေကို လက်ခံမဲ့ ပရဟိတနှစ်ခုက ကျွန်တော်တို့နဲ့ အရမ်းရင်းနှီးတယ်လို့ ပြောပါတယ်။ တချို့ငွေစက္ကူတွေက အထိခိုက်မခံတော့သလို တချို့ကတော့ အိုဟောင်းနေပါပြီ။ အဲဒီမီးခံသေတ္တာကို တွေ့ရှိခဲ့တဲ့သူကတော့ ခြံဝင်းထဲမှာ ရှိနေခဲ့တာ နှစ်တော်တော်ကြာပါပြီ။ မိုးရေထဲမှာ ရှိနေခဲ့တာဖြစ်တဲ့အတွက် ဖုန်တတ်ပြီး စိုစွတ်နေခဲ့တယ်လို့ ပြောပါတယ်။

ဒီမီးခံသေတ္တာတွေက ဖြိုဖျက်ခဲ့တဲ့စက်ရုံအဟောင်းက ဖြစ်နိုင်ကြောင်း၊ စက်ရုံဖြိုဖျက်တဲ့အခါမှာ အဲဒီက သံတိုသံစ၊ သံထည်တွေအားလုံးက ပုံးထဲကို ရောက်သွားတာဖြစ်နိုင်တယ်လို့ ဒေးဗစ်က ခန့်မှန်းထားခဲ့ပါတယ်။ ဒီပိုက်ဆံတွေကို ရဲလက်ထဲအပ်ခဲ့တဲ့အချိန်တုန်းက ပိုင်ရှင်လို့ထင်ရတဲ့ လူတစ်ယောက်ရောက်လာခဲ့ပေမဲ့ အချိန်အနည်းငယ်လေးနဲ့ ပိုင်ရှင်အမှန်မဟုတ်ဘူးဆိုတာ သိလိုက်ရပါတယ်။

အခုဆိုရင် တရားရုံးက သံထည်ရောင်းဝယ်ရေးကို တရားဝင်ပိုင်ရှင်ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ သံထည်ရောင်းဝယ်ရေးသမားက ပရဟိတကို မလှူဒါန်းခင်မှာ ငွေစက္ကူတွေ တရားဝင်အကောင်းတိုင်းဖြစ်ဖို့ လန်ဒန်မြို့က အင်္ဂလန်ဘဏ်မှာ လဲလှယ်မှာဖြစ်ပါတယ်။

Ref: BBC “Ipswich scrapyard to donate thousands from safe to charity”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top