သမ္မတသက်တမ်း နောက်ဆုံးအချိန်မှာ လူ ၁၄၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြစ်ဒဏ်လျှော့ပေါ့မှုလုပ်ပေးခဲ့တဲ့ ဒေါ်နယ်ထရမ့်

21-1-2021-yyl-01.jpg

သမ္မတသက်တမ်း နောက်ဆုံးအချိန်အပိုင်းအခြားမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့အကြံပေးအရာရှိဟောင်း စတိဗ်ဘန်နွန်အပါအဝင် လူ ၇၃ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။ နောက်ထပ် အကျဉ်းသား ၇၀ ကိုတော့ ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ရသူတွေထဲမှာ ရက်ပ်အဆိုတော် လီဝိန်းလည်း ပါဝင်ပါတယ်။ လီဝိန်းဟာ ပြီးခဲ့တဲ့နှစ်က လက်နက်ကိုင်ဆောင်မှုစွဲချက်နဲ့ စီရင်ချက်ချမှတ်ခံခဲ့ရသူပါ။ စတိဗ်ဘန်နွန်ကတော့ နယ်စပ်တံတိုင်း တည်ဆောက်ရေး ရန်ပုံငွေရှာဖွေရာမှာ ငွေကြေးလိမ်လည်တယ်ဆိုပြီး ပြီးခဲ့တဲ့နှစ် သြဂုတ်လက စွဲချက်တင်ခံခဲ့ရသူပါ။ သူဟာ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ရဲ့ အကြံပေးပုဂ္ဂိုလ်၊ ဗျူဟာမှူးအဖြစ် ဆောင်ရွက်ခဲ့သူပါ။

ဒေါ်နယ်ထရမ့်ဟာ သူနဲ့ သူ့ရဲ့မိသားစုဝင်တွေအတွက် ကြိုတင်လွတ်ငြိမ်းချမ်းသာခွင့်တွေ ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။ သူ့အနေနဲ့ သမ္မတသက်တမ်း နောက်ဆုံးနာရီပိုင်းဖြစ်တဲ့ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းမှာ နောက်ထပ်လွတ်ငြိမ်းချမ်းသာခွင့်တွေ ထပ်ပေးဖွယ် ရှိနေပါတယ်။

ဇန်နဝါရီလ ၆ ရက်က အမေရိကန်လွှတ်တော် ဝင်ရောက်စီးနင်းခံခဲ့ရတဲ့ ဆူပူအုံကြွမှု ဖြစ်ပွားခဲ့လို့ ဗုဒ္ဓဟူးနေ့ အမေရိကန်စံတော်ချိန် မွန်းတည့်ချိန် ( မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၀ ရက်၊ ည ၁၁ နာရီ) အချိန်ကနေ စတင်ကျင်းပမယ့် ဂျိုးဘိုင်ဒင်ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို အမျိုးသားသက်စောင့်တပ်ဖွဲ့ဝင် ၂၅၀၀၀ က လုံခြုံရေးစောင့်ကြပ်မှာ ဖြစ်ပါတယ်။

Ref: BBC ” Trump pardons dozens in final hours, including ex-aide Steve Bannon “

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top