ဗီလိန် Shadow အဖြစ် ကီနူးရိဗ် အသံသရုပ်ဆောင်ထားတဲ့ Sonic the Hedgehog 3 ရုပ်ရှင်နမူနာထွက်ရှိ

28.8.2024-yyl-2.jpg

အက်ရှင်အန်နီမေးရှင်းရုပ်ရှင်ဇာတ်ကား Sonic the Hedgehog 3 ရဲ့ နမူနာအသစ်ထွက်ရှိလာခဲ့ပါပြီ။ ဒီနာမူနာဟာ အင်္ဂါနေ့က တရားဝင်ထွက်ရှိလာခဲ့တာပါ။ ရန်သူအသစ် Shadow ကို ပူးပေါင်းခုခံတိုက်ခိုက်မယ့် Sonic ၊ Tails ၊ Knuckles ဇာတ်ကောင်တွေကို ဒီနမူနာမှာတွေ့ရှိရပါတယ်။

Shadow အဖြစ် ကီနူးရိဗ်က အသံသရုပ်ဆောင်ထားပြီး Sonic အဖြစ် ဘန်ဆဝက်ဇ်၊ Tails အဖြစ် ကောလန်း အို-ရွှန်းနက်ဆီ၊ Knuckles အဖြစ် အစ်ဒရစ်စ် အယ်လ်ဘာတို့က အသံသရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ကို ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

ရုပ်ရှင်နမူနာကြည့်ရှုရန် – https://www.youtube.com/watch?v=OSOyFiOiNd4

Ref: ‘Sonic the Hedgehog 3’ trailer stars Keanu Reeves as new villain Shadow:

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top