တောင်ကိုရီးယားလွှတ်တော်ရွေးကောက်ပွဲမှာ မြောက်ကိုရီးယားပြည်ပြေးတစ်ဦး အမတ်အဖြစ် ရွေးကောက်ခံရ

04intl.jpg

မြောက်ကိုရီးယားနိုင်ငံကနေ ထွက်ပြေးလာတဲ့ သဲယွန်ဟိုဟာ တောင်ကိုရီးယားလွှတ်တော်ရွေးကောက်ပွဲမှာ အမတ်အဖြစ် ရွေးကောက်ခံရတဲ့ ပထမဆုံးပြည်ပြေး ဖြစ်လာခဲ့ပါတယ်။ သဲယွန်ဟိုဟာ တစ်ချိန်တုန်းက ဗြိတိန်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။ ဒါပေမဲ့ ၂၀၁၆ ခုနှစ်မှာတော့ သူ့ရဲ့မိသားစုနဲ့အတူ ထွက်ပြေးတိမ်းရှောင်ခဲ့သူပါ။ သူဟာ မြောက်ကိုရီးယားနိုင်ငံကနေ ထွက်ပြေးလာခဲ့တဲ့ ရာထူးအကြီးဆုံး အရာရှိပါပဲ။ သဲယွန်ဟိုဟာ အတိုက်အခံပါတီဖြစ်တဲ့ United Future ပါတီကို ကိုယ်စားပြုပြီး ဆိုးလ်မြို့ရဲ့ လူကုံထံတွေနေထိုင်တဲ့ ဂန်းနန်းခရိုင်ကနေ ဝင်ပြိုင်ခဲ့ရာမှာ မဲအရေအတွက် ၅၈ ဒသမ ၄ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

အနိုင်ရပြီလို့ ကြေညာပြီးချိန်မှာ သဲယွန်ဟို ငိုကြွေးခဲ့တာ တွေ့ရပါတယ်။ မြောက်ကိုရီးယားနိုင်ငံမှာရှိတဲ့ အခွင့်ထူးခံပုဂ္ဂိုလ်တွေကို သတင်းစကားပါးချင်လို့ တောင်ကိုရီးယားလွှတ်တော်အမတ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရတာဖြစ်တယ်လို့ သဲယွန်ဟိုက ပြောပါတယ်။ ” မြောက်ကိုရီးယားအစိုးရကို ကျောခိုင်းလိုက်ရင် ဘာတွေဖြစ်လာနိုင်လဲ။ သူတို့ရဲ့အနာဂတ်အတွက် လမ်းသစ်ရှိတယ်ဆိုတာ သူတို့ကို သတင်းစကားပါးချင်ပါတယ်”လို့ သဲယွန်ဟိုက ဆိုပါတယ်။ COVID-19 ကူးစက်ပျံ့နှံ့နေချိန်မှာ ကျင်းပခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံ လွှတ်တော်ရွေးကောက်ပွဲမှာ လာရောက်မဲပေးသူ ၆၆.၂ ရာခိုင်နှုန်းရှိခဲ့ပြီး မဲပေးသူ အများဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top