ဂျပန်နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာ

05intl.jpg

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဆိုးရွားလာတဲ့အတွက် ဂျပန်နိုင်ငံမှာ နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ကြေညာလိုက်ပါပြီ။ နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ကြေညာလိုက်လို့ ဒေသဆိုင်ရာ အစိုးရအဖွဲ့တွေက လူတွေကို အိမ်ထဲမှာ နေကြဖို့ တိုက်တွန်းနိုင်မှာဖြစ်ပေမဲ့ ပြစ်ဒဏ်ပေးနိုင်လောက်တဲ့ စည်းမျဉ်း ဒါမှမဟုတ် ဥပဒေအရ စည်းနှောင်အားရှိတဲ့ အမိန့်မျိုး ထုတ်ပြန်နိုင်မှာမဟုတ်ပါဘူး။ ဂျပန်နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ကြေညာမှုဟာ မေလ ၆ ရက်အထိ အကျုံးဝင်မှာပါ။

အစောပိုင်းမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဒေသ ၇ ခုကို တစ်လကြာမြင့်တဲ့ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူ မြင့်တက်လာလို့ ဝန်ကြီးချုပ်ရှင်ဇိုအာဘေးရဲ့ တုံ့ပြန်လှုပ်ရှားမှုအပေါ် ဝေဖန်သံတွေ ပိုကျယ်လာပါတယ်။ ရှင်ဇိုအာဘေးက တိုကျိုမြို့မှာ အရေးပေါ်အခြေအနေ ကြေညာဖို့ အချိန်ဆွဲလွန်းတယ်လို့ စစ်တမ်းတစ်ရပ်မှာ လူ ၇၅ ရာခိုင်နှုန်းက မှတ်ချက်ပေးခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၉၂၃၁ ယောက်ရှိပြီး သေဆုံးသူ ၁၉၀ ရှိပါတယ်။

Nz (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top