၂၀၂၄ ခုနှစ်အတွက် Ballon d’Or ဆုကို မန်စီးတီးအသင်းရဲ့ စပိန်ကွင်းလယ်လူ ရိုဒရီ ဆွတ်ခူးခဲ့ပါတယ်။ ရိုဒရီဟာ ရီးရဲလ်ကစားသမားတွေဖြစ်တဲ့ ဗီနီစီယက်ဂျူနီယာနဲ့ ဂျုဒ်ဘယ်လင်ဟမ်တို့ကို ကျော်ဖြတ်ပြီး ဆုရခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်က မန်စီးတီးအသင်း ပရီးမီးယားလိဂ်ဖလား ၄ နှစ်ဆက်တိုက် ဆွတ်ခူးမှုမှာ ရိုဒရီက အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့သလို ယူရို-၂၀၂၄ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆုရခဲ့ပြီး စပိန်အသင်းနဲ့အတူ ဖလားဆွတ်ခူးနိုင်ခဲ့သူပါ။
ရိုဒရီဟာ ၁၉၉၀ ပြည့်နှစ်က လိုသာမားသီးယက်စ်နောက်ပိုင်း Ballon d’Or ဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ ခံစစ်ကူ ကွင်းလယ်လူ ဖြစ်ပါတယ်။ စပိန်ကစားသမားတွေထဲမှာတော့ Ballon d’Or ဆုကို တတိယမြောက် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး နှစ် ၆၀ အတွင်း စပိန်ကစားသမားတစ်ဦး ပထမဆုံး ဆုရခဲ့တာပါ။ ရွှေရောင်မျိုးဆက် စပိန်အသင်းဟာ ယူရို ၂၀၀၈၊ ၂၀၁၀ ကမ္ဘာ့ဖလား၊ ယူရို ၂၀၁၂ ပြိုင်ပွဲ ၃ ရပ်ဆက်တိုက် ချန်ပီယံ ဖြစ်ခဲ့ပေမဲ့ အဲဒီအချိန်တုန်းက စပိန်ကစားသမားတွေ Ballon d’Or ဆု မရခဲ့ပါဘူး။
Ref: Spain and Manchester City midfielder Rodri wins Ballon d’Or for best player in the world
NZ (ရိုးရာလေး)