သတ္ထုရှာတဲ့စက်တစ်လုံးကို အရင်းပြုပြီး ပွပေါက်တိုးခဲ့တဲ့ ဩစတြေးလျနိုင်ငံသား

ccd63fd788678fcf1b14fa36641a0bb5c600940b-16x9-x0y0w1304h734.jpg

ဩစတေးလျ အမျိုးသားတစ်ဦးဟာ ဩစတေးလျနိုင်ငံ အနောက်ပိုင်းက ရွှေမိုင်းတွေရဲ့ အနီးတဝိုက်မှာ ဝါသနာအရ သတ္ထုရှာဖွေနေရင်း အဖိုးတန်ပစ္စည်း တစ်ခုကို မထင်မှတ်ဘဲ တွေ့ရှိခဲ့ပါတယ်။

ကယ်လ်ဂေါလီဒေသ (Kalgoorlie) က ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ဒီဖြစ်ရပ်ရဲ့ မှတ်တမ်းပုံတွေကို အွန်လိုင်းမှာ တင်ခဲ့တာကြောင့် အဲဒီပစ္စည်းက ဘာလဲဆိုတာ သိခွင့်ရခဲ့ပါတယ်။ တကယ့်ကို အံ့ဩစရာပါပဲ … အဲဒီပစ္စည်းက သြစတေးလျဒေါ်လာ (၁၀၀,၀၀၀)/ အမေရိကန်ဒေါ်လာ (၆၉,၀၀၀) လောက်တန်တဲ့ (၁.၄) ကီလိုဂရမ် အလေးချိန်ရှိ ရွှေတုံးတစ်တုံး ဖြစ်နေခဲ့ပါတယ်။

သြစတေးလျဒေါ်လာ (၁၀၀,၀၀၀)/ အမေရိကန်ဒေါ်လာ (၆၉,၀၀၀) လောက်တန်တဲ့ (၁.၄) ကီလိုဂရမ် အလေးချိန်ရှိ ရွှေတုံးတစ်တုံး ဖြစ်နေခဲ့

ရွှေတုံးကို ရှာတွေခဲ့တဲ့ အမည်မသိ အမျိုးသားဟာ ဟိုးအရင်ကတည်းက အပျော်တမ်းအနေနဲ့ သတ္ထုရှာဖွေလေ့ရှိသူ ဒေသခံတစ်ဦးဖြစ်တယ်လို့ စတိုးဆိုင်ပိုင်ရှင် မတ်ကွတ်ခ် (Matt Cook) က ဘီဘီစီကို ပြောပြခဲ့ပါတယ်။

သတ္ထုရှာဖွေသူတွေအနေနဲ့ အခုလို တန်ဖိုးများလွန်းတဲ့ ရွှေအစအန ရှာတွေ့တတ်တာမျိုးဟာ တစ်နှစ်ကို အကြိမ်ရေနည်းနည်းလောက်ပဲရှိတတ်ကြောင်း ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။

အခုလို တန်ဖိုးများလွန်းတဲ့ ရွှေအစအနရှာ တွေ့တတ်တာမျိုးဟာ တစ်နှစ်ကို အကြိမ်ရေနည်းနည်းလောက်ပဲရှိတတ်

သတ္ထုရှာသူ အမျိုးသားဟာ အခုရွှေတုံးကို မြေပြင်ရဲ့အောက်ဘက် ၄၅ စင်တီမီတာ (၁၈ လက်မ) လောက်မှာရှိနေတဲ့ ဆားခဲပြင်ချပ်ပေါ်မှာ ရှာဖွေတွေရှိ့ခဲ့တာပါ။ အဲဒီနောက်တော့ သူက မှိုရတဲ့ မျက်နှာပေးနဲ့ ဆိုင်ထဲကိုဝင်လာပြီး ရွှေတုံးကို လာပြခဲ့ကြောင်း သတ္ထုရှာသူတွေကို ကိရိယာ တန်ဆာပလာတွေ ရောင်းချနေတဲ့ မတ်က ပြောပြခဲ့ပါတယ်။

“အဲဒါက ဆေးလိပ်ဗူး တစ်ဗူးထက် နည်းနည်းလေးပိုကြီးပြီး အတော်လည်း အနှစ်ရှိတယ်ဗျ”လို့ မတ်က ပြန်ပြောပြခဲ့ပါသေးတယ်။

ရွှေမိုင်းထဲမှာ ကြွင်းကျန်နေရစ်ခဲ့တဲ့ ရွှေအစအနလေးတွေကို သတ္ထုရှာသူတွေက ခဏခဏရတတ်ကြကြောင်းနဲ့ သတ္ထုမိုင်းတွေမှာ လှည့်လည်ပြီး သတ္ထုရှာဖွေသူတွေထဲမှာ တချို့က အပျင်းပြေ အလုပ်တစ်ခုအဖြစ် လုပ်တဲ့သူတွေဖြစ်ပြီး တချို့ကတော့ အသက်မွေးဝမ်းကြောင်း အလုပ်အနေနဲ့ အချိန်ပြည့် လုပ်နေကြသူတွေဖြစ်ကြောင်း ကာတင်းတက္ကသိုလ်က သတ္ထုတွင်းပညာရပ်ဆိုင်ရာ ပါမောက္ခ ဆမ် စပီးယားရင်း (Sam Spearing) က ရှင်းပြခဲ့ပါတယ်။

သတ္ထု ရှာဖွေသူတွေထဲမှာ တချို့က အပျင်းပြေ အလုပ်တစ်ခုအဖြစ် လုပ်တဲ့သူတွေဖြစ်ပြီး တချို့ကတော့ အသက်မွေးဝမ်းကြောင်း အလုပ်အနေနဲ့ အချိန်ပြည့် လုပ်နေကြသူတွေဖြစ်

သတ္ထုရှာသူတွေ တွေ့လေ့ရှိတဲ့ ရွှေ အစအနအများစုဟာ အောင်စဝက်ထက်နည်းတဲ့ ရွှေစတွေသာဖြစ်လေ့ရှိပေမဲ့ မကြာခဏဆိုသလိုပဲ ဒီလို ရွှေစခပ်သေးသေးတွေကို ရှာတွေ့ကြတတ်တယ်လို့လည်း သိရပါတယ်။

Ref: BBC “Australian finds a $ 100,000 gold nugget using metal detector”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top