အဆိုတော်၊ YouTuber ကောင်မလေးနဲ့ မင်းသားချောပတ်ဆိုးဂျွန်တို့ ချစ်သူတွေဖြစ်နေတယ်ဆိုတဲ့ သတင်းထွက်ရှိလာ

20.6.2023-yyl-26.jpg

မြန်မာပရိသတ်တွေ အားပေးနှစ်ခြိုက်ကြတဲ့ တောင်ကိုရီးယားမင်းသားချော ပတ်ဆိုးဂျွန်က လက်ရှိမှာ အဆိုတော်၊ YouTuber xooos (ကင်ဆိုးယွန်း) နဲ့ ချစ်သူတွေဖြစ်နေတယ်လို့ ဇွန်လ ၂၀ ရက်နေ့မှာ သတင်းထွက်ရှိလာခဲ့ပါတယ်။ သူတို့နှစ်ဦး ချစ်သူတွေဆိုတာကို သူတို့ရဲ့ရင်းနှီးတဲ့မိတ်ဆွေသူငယ်ချင်းတွေကို အချင်းချင်းမိတ်ဆက်ပေးထားပြီး အခြားအတွဲတွေလိုပဲ မကြာခဏ ဒိတ်ဖြစ်ကြတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အခု ဒီသတင်းနဲ့ပတ်သက်ပြီး ပတ်ဆိုးဂျွန်ရဲ့အေဂျင်စီ Awesome ENT က အခုလိုပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့အနုပညာရှင်ရဲ့ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်တဲ့အချက်အလက်တွေကို အတည်ပြုပေးဖို့ ခက်ခဲပါတယ်။ ကျွန်တော်တို့ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး နားလည်ပေးကြပါ”လို့ ဆိုပါတယ်။ အဆိုတော်၊ YouTuber xooos ရဲ့အေဂျင်စီ WAVY ကလည်း အတည်ပြုပေးဖို့ ခက်ခဲတယ်လို့ပဲ အလားတူပြောကြားခဲ့ပါတယ်။

လက်ရှိမှာ ပတ်ဆိုးဂျွန်က သူ ပါဝင်ထားတဲ့ ရုပ်ရှင်ကားသစ်တွေဖြစ်တဲ့ “Concrete Utopia” နဲ့ “The Marvels” ရုံတင်ပြဖို့ စောင့်ဆိုင်းနေပါတယ်။ xooos က ၁၉၉၄ ခုဖွားဖြစ်ပြီး Subscribers ၁.၅ သန်းရှိတဲ့ အဆိုတော်၊ YouTuber တစ်ယောက်ပါ။ သူက ၂၀၁၅ ခုနှစ်ရဲ့ The Producers ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်အဖြစ် ပွဲဦးထွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်က “MIXNINE” idol survival show မှာလည်း ပါဝင်ခဲ့ပါတယ်။

Ref: Park Seo Joon’s Agency Briefly Responds To Dating Rumors Between Him And YouTuber xooos

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top