ခရီးသွားဧည့်သည်တွေကို ဟန့်တားဖို့ ဆိုင်ထဲဝင်ကြည့်ခ ၅ ယူရိုကောက်ခံတဲ့ စပိန်စတိုးဆိုင်

16.7.23-yyl-12.jpg

ဆိုင်ထဲကို ဝင်လာပြီး ဘာပစ္စည်းမှ မဝယ်ဘဲ ဓာတ်ပုံရိုက်လေ့ရှိတဲ့ ခရီးသွားဧည့်သည်တွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ စပိန်စတိုးဆိုင်တစ်ဆိုင်ဟာ ဆိုင်ထဲဝင်ကြည့်ရင် ၅ ယူရို ပေးရမယ်လို့ ဆိုင်းဘုတ်ထောင်ခဲ့ပါတယ်။ စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ တည်ရှိတဲ့ Queviures Múrria စတိုးဆိုင်ဟာ ၁၈၉၈ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး နှစ်သက်တမ်း ၁၀၀ ကျော် ကြာပါပြီ။

ရှေးကျတဲ့ ပုံပန်းသွင်ပြင်နဲ့ ဆိုင်အတွင်းပိုင်း စပိန်ရိုးရာ ဒီဇိုင်းအပြင်အဆင်တွေကြောင့် နေ့စဉ်နေ့တိုင်း ခရီးသွားဧည့်သည် ရာချီ လာရောက်လေ့ရှိတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ခရီးသွားဧည့်သည်တွေဟာ ဆိုင်ထဲမှာ ရောင်းတဲ့ပစ္စည်းတွေကို ဝယ်ဖို့ စိတ်ကူးမရှိပေမဲ့ ခွင့်မတောင်းဘဲ ဆိုင်ထဲဝင်လာကြပြီး ဓာတ်ပုံတွေ လျှောက်ရိုက်ကြတယ်လို့ ဆိုင်မန်နေဂျာ မာရီနိုက ဆိုပါတယ်။

အဲဒီနောက်မှာတော့ ခရီးသွားဧည့်သည်တွေ ဝင်ချင်တိုင်း ဝင်၊ ထွက်ချင်တိုင်း ထွက် လုပ်နေတာကို တားဆီးဖို့ ဆိုင်ထဲဝင်ကြည့်ခ ၅ ယူရို ကောက်မယ်လို့ ဆိုင်းဘုတ်ထောင်ခဲ့တာပါ။ အဲဒီလို ဆိုင်းဘုတ်ထောင်ပြီးနောက်မှာတော့ ဆိုင်ထဲ ဝင်လာသူတိုင်း ပစ္စည်းတစ်ခုခု ဝယ်ယူကြလေ့ရှိပြီး ဆိုင်အပြင်အဆင်ကို ကြည့်ချင်သူတွေကတော့ မှန်ပြတင်းပေါက်ကနေပဲ ကြည့်ကြတော့တယ်လို့ မာရီနိုက ပြောပါတယ်။

Ref: Spanish Grocery Store to Charge Tourists Who Come in Just to Look

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top