Spice Girls အဖွဲ့ရဲ့ နှစ် ၃၀ ပြည့်ပွဲမှာ ပြန်ပါဝင်လာနိုင်ဖွယ်ရှိတဲ့ ဗစ်တိုးရီးယားဘက်ခမ်း

16.7.23-yyl-18.jpg

၁၉၉ဝ ပြည့်နှစ်ဝန်းကျင်က နာမည်ကြီးတဲ့ Spice Girl အဆိုအဖွဲ့ဟာ မကြာခင်မှာ နှစ် ၃၀ ပြည့်မြောက်တော့မှာပါ။ အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ ဗစ်တိုရီးယားဘက်ခမ်းက နှစ် ၃၀ ပြည့်ပွဲမှာ ပြန်ပါဝင်လာမယ်လို့ သတင်းထွက်ရှိထားပါတယ်။

အသက် ၄၉ နှစ်အရွယ် ဗစ်တိုးရီးယားဟာ ၂၀၁၉ ခုနှစ်က Spice Girl ဖျော်ဖြေပွဲမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့တာပါ။ ဒါပေမဲ့ ၂၀၂၄ ခုနှစ်ကျ နှစ် ၃၀ ပြည့်ပွဲမှာ ပါဝင်ဖို့ စဥ်းစားမယ်လို့တော့ ပြောထားတာပါ။

အဖွဲ့ဝင် ၅ ဦး အစုံအလင်မြင်​တွေ့ရမယ့် Spice Girls အဖွဲ့က သူတို့ရဲ့နှစ်ပတ်လည်ပွဲကြောင့် နောက်နှစ် Glastonbury ဂီတပွဲတော်မှာ ဖျော်ဖြေမယ်၊ မဖျော်ဖြေမယ်ဆိုတာကို စဥ်းစားနေပါတယ်။

Spice Girl အဖွဲ့က ဗစ်တိုးရီးယားမပါဘဲ အဖွဲ့ဝင် ၄ ဦးတည်းနဲ့ နှစ်တော်တော်ကြာ ဖျော်ဖြေနေခဲ့တာပါ။ ဗစ်တိုးရီးယားဟာ Spice Girl အဖွဲ့နဲ့အတူ ​ ၂၀၁၂ လန်ဒန်အိုလံပစ်ပိတ်ပွဲအခမ်းအနားမှာနောက်ဆုံးဖျော်ဖြေခဲ့တာပါ။

Ref: Victoria Beckham reportedly set to return to Spice Girls for their 30th anniversary

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top