ပန်းပင် (၂၀၀၀) ကျော်ကို ပရိသတ်လို သဘောထားပြီး ဖျော်ဖြေခဲ့တဲ့ စပိန်အော်ပရာပွဲ

25-6-2020-yyl-021.jpg

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွင်းမှာ လူစုလူဝေးဖြစ်စေနိုင်တဲ့ ကပွဲ၊ ဖျော်ဖြေပွဲ၊ ပြဇာတ်ပွဲအပါအဝင် အခမ်းအနားပွဲ တော်တော်များများကျင်းပတာကို ပိတ်သိမ်းထားခဲ့ရတာပါ။ အခုတော့ တချို့နိုင်ငံတွေမှာ တင်းကြပ်မှုတချို့ကို ဖြေလျော့ပေးနေပြီး တချို့နေရာတွေကို ပြန်ဖွင့်ခွင့်ပေးတော့မှာဖြစ်ပါတယ်။ ဇွန်လ ၂၂ ရက်နေ့ကလည်း စပိန်နိုင်ငံက EI Liceu အော်ပရာခန်းမက ဖျော်ဖြေပွဲကျင်းပခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ လူစုလူဝေးလုပ်မှာကို ခွင့်မပြုတာကြောင့် ပွဲကြည့်ပရိသတ်တွေကတော့ လူတွေမဟုတ်ဘဲ ပန်းပင် (၂,၂၉၁) ပင်ပါပဲ။

ဘာစီလိုနာပြည်နယ်မှာရှိတဲ့ EI Liceu Opera House က Lockdown ချပြီးနောက် ပထမဆုံးဖျော်ဖြေတင်ဆက်တဲ့ပွဲတစ်ခုကို ကျင်းပခဲ့တာဖြစ်ပါတယ်။ ပညာရှင်ယူဂျင်နီယို အန်ပူဒီယာရဲ့ အနုပညာတစ်စိတ်တစ်ပိုင်းအနေနဲ့ အနုပညာရှင်တွေက ပန်းပင်(၂,၀၀၀) ကျော်ကိုဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ တူရိယာတီးခတ်ဖျော်ဖြေသူ (၄) ဦးက စင်မြင့်ထက်ကို ရောက်လာပြီး Pucciniရဲ့ “Crisantemi” သံစဉ်ကို တီးခတ်ဖျော်ဖြေခဲ့ပါတယ်။ ဒီဖျော်ဖြေတင်ဆက်မှုကို လူသားပွဲကြည့်ပရိသတ်တွေနဲ့ ပန်းပင်ပွဲကြည့်ပရိသတ်တွေ အားလုံးအတွက် တိုက်ရိုက်ထုတ်လွှင့်ခဲ့တယ်လို့ သတင်းထွက်ရှိခဲ့ပါတယ်။ ပွဲကြည့်ပရိသတ် ပန်းပင်တွေကတော့ ပညာရှင် (၄) ဦးရဲ့တီးခတ်မှုအတွက် သစ်ရွက်တွေလှုပ်နေတာက လက်ခုပ်တီးနေသလိုပါပဲ။

EI Liceu ရဲ့ဒါရိုက်တာ ယူဂျင်နီရယ် အန်ပူဒီယာက လူတွေက ပွဲကို မတက်ရောက်နိုင်တဲ့အခါ ဖျော်ဖြေတင်ဆက်မှုနဲ့ Opera House ကို အသက်ဝင်စေချင်တယ်လို့ ပြောပါတယ်။ အန်ပူဒီယာက လူသားတွေနဲ့ သဘာဝတရားကြားက Relationship နဲ့ပတ်သက်ပြီး လူတွေကို အသိပေးဖို့ ဖျော်ဖြေပွဲကို ကျင်းပချင်ခဲ့တာဖြစ်ပါတယ်။ Lockdownက ကမ္ဘာတစ်ဝှမ်းမှ လူသားတွေရဲ့လှုပ်ရှားမှုတွေကို ရပ်တန့်ပစ်နေပေမယ့် သဘာဝတရားကတော့ မရပ်တန့်ဘဲ ဆက်လက်ရှင်သန်ကြီးထွားနေပြီး လူသားတွေရဲ့နေရာမှာ ရှိနေပါတယ်။ အပင်တွေဟာ နေ့ကလေးထိန်းကျောင်းကဖြစ်ပြီး နောက်ကျရင်တော့ Hospital Clinic de Barcelona က ရှေ့တန်းဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ လှူဒါန်းသွားမှာဖြစ်ပါတယ်။

စပိန်နိုင်ငံက မေလအလယ်မှာ နိုင်ငံတစ်ဝှမ်း Lockdown ချခဲ့တာပါ။ Lockdown ကာလအတွင်း လူတွေ အမြဲလိုလို ပြည့်ကျပ်နေတဲ့ နေရာတွေမှာ တိရစ္ဆာန်တွေက လွတ်လပ်စွာ လှည့်ပတ်သွားလာနေကြတဲ့အပြင် ပိတ်ထားတဲ့ ပန်းခြံတွေမှာလည်း အပင်တွေထူထပ်စွာ ပေါက်နေတယ်လို့ သိရပါတယ်။ ဇွန်လ ၂၁ ရက်နေ့မှာတော့ ဘာစီလိုနာရဲ့ နယ်စပ်တွေကို ပြန်ဖွင့်ခဲ့ပါတယ်။

Ref: Spanish Opera House Holds Concert With Over 2,000 Potted Plants As Audience Members

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top