ဥရောပတလွှား တင်ပို့မယ့် ရေခဲရိုက်တူနာငါးတွေထဲကနေ ကိုကင်း ၇.၅ တန် သိမ်းဆည်းရမိ

13.12.23-yyl-20.jpg

ဥရောပနိုင်ငံတွေထံ တင်ပို့မယ့် ရေခဲရိုက် တူနာငါးတွေထဲမှာ သိုဝှက်ထားတဲ့ ကိုကင်း ၇.၅ တန်ကို စပိန်နိုင်ငံ အနောက်မြောက်ပိုင်း ဗီဂိုဆိပ်ကမ်းမှာ ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။ ဒါဟာ အတ္တလန္တိတ်သမုဒ္ဒရာဒေသဖြစ်တဲ့ ဂါလီစီယာသမိုင်းတစ်လျှောက် အကြီးမားဆုံး မူးယစ်ဆေးဝါး သိမ်းဆည်းရမိမှုဖြစ်ပါတယ်။

ဂါလီစီယာဒေသဟာ စပိန်နိုင်ငံရဲ့ အရှည်လျားဆုံး ကမ်းရိုးတန်းတည်ရှိရာဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကတည်းက မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွေ ဖြစ်ပွားခဲ့တာပါ။ ဒုတိယမြောက် စစ်ဆင်ရေးအဖြစ် စပိန်နိုင်ငံအရှေ့ပိုင်း ဗလင်စီယာဆိပ်ကမ်းမှ ကွန်တိန်နာတွေထဲမှာလည်း ကိုကင်း ၃.၅ တန်ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဘော်လ်ကန်ဒေသ အခြေပြု မူးယစ်မှောင်ခိုဂိုဏ်း ၂ ဂိုဏ်းမှ လူ ၂၀ ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး ဥရောပရဲ့ မူးယစ်ဆေးဝါးမှောင်ခိုကူးမှု အကြီးမားဆုံးကွန်ရက်တစ်ခုကို ဖြိုခွင်းနိုင်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီဂိုဏ်းဟာ ရေခဲရိုက် ငါးတွေနဲ့ ပင်လယ်စာတွေကို နိုင်ငံတကာထံ တင်ပို့မှုလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်းတွေကို ဟန်ပြလုပ်ဖို့ သွင်းကုန်ကုမ္ပဏီတစ်ခု ထူထောင်ထားခဲ့တာလို့ စပိန်ရဲတပ်ဖွဲ့က ဆိုပါတယ်။

Ref: Spanish police seize 7.5 tonnes of cocaine hidden in frozen tuna fish

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top