ဝက်ဝံတွေက အစစ်မဟုတ်ဘဲ လူသားတွေ ဝတ်စုံဝတ်ပြီး ဟန်ဆောင်ထားတယ်လို့ သတင်းထွက်ရှိခဲ့တဲ့ တရုတ်တိရစ္ဆာန်ရုံတစ်ခု

2.8.23-yyl-13.jpg

တရုတ်နိုင်ငံ၊ ဟန်ကျုံးတိရစ္ဆာန်ရုံက ဝက်ဝံတစ်ကောင်ကို ရိုက်ထားတဲ့ ဗီဒီယိုတစ်ခုကြောင့် လူမှုကွန်ယက်ပေါ်မှာ အဲဒီတိရစ္ဆာန်ရုံနဲ့ပတ်သက်ပြီး ကောလဟာလတွေ ပျံ့နှံ့လာခဲ့ပါတယ်။ အဲဒီဗီဒီယိုထဲမှာ ဝက်ဝံတစ်ကောင်က လူတစ်ယောက်လို ခြေထောက်အရှည်ကြီးဆန့်ပြီး မတ်တပ်ရပ်နေတာပါ။ လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ အဲဒီဝက်ဝံဟာ အစစ်မဟုတ်ဘဲ လူတွေက ဝက်ဝံဝတ်စုံဝတ်ပြီး ဟန်ဆောင်ထားတယ်ဆိုတဲ့ ကောလဟာလထွက်ရှိလာခဲ့တာပါ။

အဲဒီဝက်ဝံပုံတွေ ပျံ့နှံ့လာခဲ့ပြီးတဲ့နောက်မှာ လူမှုကွန်ယက်အသုံးပြုသူတွေက တိရစ္ဆာန်ရုံရဲ့ဝက်ဝံတွေက အစစ်ဟုတ်မဟုတ်မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဒီသံသယတွေကို ဟန်ကျုံးတိရစ္ဆာန်ရုံက အင်တာနက်အသုံးပြုသူတွေ အထင်မှားတဲ့ အနက်ရောင်ဝက်ဝံဟာ တကယ်တော့ အရှေ့တောင်အာရှမှာတွေ့ရတဲ့ အသေးငယ်ဆုံးဝက်ဝံမျိုးစိတ်ဖြစ်တဲ့ မလေးဝက်ဝံ (သို့) ပသျူးဝက်ဝံ (Malayan Sun Bear) ဖြစ်တယ်လို့ ဖြေရှင်းကာ ငြင်းဆိုခဲ့ပါတယ်။ တိရစ္ဆာန်ရုံက ဖုန်းဖြေကြားတဲ့ ဝန်ထမ်းတစ်ဦးက ဝက်ဝံအကြောင်း မေးမြန်းတာကို ငြင်းဆိုခဲ့ပေမဲ့ သတင်းထောက်တွေကို တနင်္လာနေ့က အလည်လာဖို့ စီစဉ်ပေးခဲ့ပါတယ်။

ပသျူးဝက်ဝံတွေက ခွေးကြီးတွေရဲ့အရွယ်အစားဖြစ်ပြီး အခြားမျိုးစိတ်တွေနဲ့ယှဉ်ရင် သူတို့ရဲ့နောက်ခြေထောက်တွေကို ၁.၃ မီတာအထိ အမြင့်ဆုံးရပ်နိုင်ပါတယ်လို့ တိရစ္ဆာန်ရုံက ဆိုထားပါတယ်။ အခြားတရုတ်တိရစ္ဆာန်ရုံတွေကလည်း အခုလိုမျိုးကောလဟာလထွက်ရှိခဲ့ဖူးပါတယ်။ ခွေးတစ်ကောင်ကို အာဖရိကခြင်္သေ့အဖြစ် အယောင်ဆောင်ဖို့ ကြိုးစားတယ်၊ မြည်းတွေကို မြင်းကျားနဲ့တူဖို့ ဆေးခြယ်ထားတယ်ဆိုတဲ့ ကောလဟာလတွေပါပဲ။

Ref: Chinese Zoo Denies Its Bears Are Humans In Costume

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top