အဟောင်းဆိုင်ကနေ ၄ ဒေါ်လာနီးပါးနဲ့ ဝယ်ယူခဲ့တဲ့ ဖန်ပန်းအိုးက ရှားပါးပစ္စည်းဖြစ်နေပြီး ဒေါ်လာ ၁၀၇၀၀၀ ကျော်နဲ့ လေလံအောင်ခဲ့

18.12.23-yyl-7.jpg

အဟောင်းဆိုင်ကနေ ၄ ဒေါ်လာနီးပါးနဲ့ ဝယ်ယူခဲ့တဲ့ ဖန်ပန်းအိုးတစ်လုံးဟာ ရှားပါးပစ္စည်းတစ်ခု ဖြစ်နေတာကြောင့် အမေရိကန်ဒေါ်လာ ၁၀၇၀၀၀ ကျော်နဲ့ ပြန်လည်ရောင်းချနိုင်ခဲ့ပါတယ်။

ဗားဂျီးနီးယားပြည်နယ်၊ ရစ်ချ်မွန်မြို့မှာ နေထိုင်တဲ့ ဂျက်ဆီကာဗင်းဆင့်ဟာ ငယ်ငယ်ကတည်းက သူ့အမေနဲ့အတူ အဟောင်းဆိုင်တွေ၊ ဂိုဒေါင်ရှင်း အရောင်းဆိုင်တွေကို လိုက်သွားရတာ သဘောကျသူပါ။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာတော့ သူတို့သွားနေကြ အဟောင်းဆိုင်ကနေ အဆင်အသွေးရော၊ ဒီဇိုင်းရော လှပဆန်းပြားတဲ့ ဖန်ပန်းအိုးတစ်လုံးကို တွေ့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃.၉၉ ဒေါ်လာနဲ့ ဝယ်ယူခဲ့ပါတယ်။

အဲဒီဖန်ပန်းအိုးဟာ အီတလီနိုင်ငံရဲ့ နာမည်ကျော် Murano ဖန်သားနဲ့ လုပ်ထားတာဖြစ်ပြီး ၁၉၄၂ ခုနှစ်မှာ Venini ဖန်ထည်ကုမ္ပဏီရဲ့ အနုပညာဒါရိုက်တာ စကာပါက ဖန်ပန်းအိုးကို ကန်းဗတ်စတစ်ခုလို သဘောထားပြီး စုတ်ချက်တွေ ရေးဆွဲရာကနေ ထွက်ပေါ်လာခဲ့တာပါ။

Pennellate လို့ အမည်ရတဲ့ ဖန်ပန်းအိုးစီးရီးကို ဖန်တီးရာမှာ ဖန်ပန်းအိုးတစ်လုံးပေါ်ကို စုတ်ချက်တွေ ခြယ်သရတာ ခက်ခဲတာကြောင့် အရေအတွက်အနည်းငယ်သာ ထွက်ရှိခဲ့ပြီး ရှားပါးပစ္စည်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီပန်းအိုးကို Wright လေလံကုမ္ပဏီက လေလံတင်ရောင်းချရာမှာ အမေရိကန်ဒေါ်လာ ၁၀၇၀၀၀ ကျော် ရရှိခဲ့တာဖြစ်ပါတယ်။

Ref: Bought for $3.99 from a Virginia thrift store, this vase just sold for over $100,000

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top