စိန်ပွင့်ထဲမှာ စိန်အမြုတေပါတဲ့ ရှားပါးစိန်ပွင့်ကြီးကို အိန္ဒိယစိန်ကုမ္ပဏီက တွေ့ရှိ

1.5.2023-yyl-1.jpg

အိန္ဒိယ စိန်ကုမ္ပဏီတစ်ခုဟာ စိန်အမြုတေပါတဲ့ ရှားပါး စိန်ပွင့်ကြီးတစ်ပွင့်ကို တွေ့ရှိခဲ့ပါတယ်။ အဲဒီစိန်ပွင့်ကြီးကို ” ခုန်နေတဲ့ နှလုံး” လို့ တင်စားထားကြပါတယ်။ အရင်က ဒီလို အမြုတေပါတဲ့ စိန်ပွင့်မျိုး တစ်ကြိမ်တည်းပဲ တွေ့ခဲ့ဖူးတာပါ။ ၂၀၁၉ ခုနှစ်တုန်းက ရုရှား စိန်ကုန်သည်တစ်ဦးက Matryoshka Diamond လို့ အမည်ရတဲ့ အမြုတေပါ စိန်ပွင့်ကြီးကို တွေ့ရှိခဲ့တာပါ။

ဂူဂျာရတ်ပြည်နယ်အခြေစိုက် Vallabh Dhanjibhai Global စိန်ကုမ္ပဏီက သဘာဝရဲ့ ဆန်းကျယ်မှုကို ရှေ့တန်းတင်တဲ့အနေနဲ့ ဒီစိန်ပွင့်ကြီးကို မသွေးမဖြတ်ဘဲ စိန်အရိုင်းပုံစံအတိုင်း ဆက်ထားသွားဖွယ် ရှိပါတယ်။

Vallabh Dhanjibhai Global စိန်ကုမ္ပဏီပိုင်ရှင် ဝါဂါစီယာက အမြုတေပါတဲ့ စိန်ပွင့် ဖြစ်ပေါ်လာမှု အခြေအနေကို စာတမ်းပြုစုနိုင်အောင် သုတေသနလုပ်ဖို့အတွက် ကမ္ဘာ့အကြီးမားဆုံး စိန်ကုမ္ပဏီဖြစ်တဲ့ De Beers Group ထံ ပို့ဆောင်ထားပါတယ်။

Ref: Rare Diamond Within a Diamond Is Unearthed in India and Dubbed ‘The Beating Heart’

NZ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top