Singapore Chinatownရဲ့ နဂါးရုပ်က နာမည်ကြီးဟောင်ကောင်မင်းသားနဲ့ ဂျပန်ဟာသပညာရှင်တို့နဲ့တူနေတယ်လို့ မှတ်ချက်ပေးခံရ

22.1.24-yyl-1.jpg

အခုနှစ်တရုတ်နှစ်သစ်ကူးပွဲတော်အတွက် စင်ကာပူနိုင်ငံက တရုတ်တန်းမှာ အလှဆင်ထားတဲ့ နဂါးရုပ်က လူသားတွေနဲ့ ဆင်တူနေတာကြောင့် လူမှုကွန်ယက်အသုံးပြုသူတွေကို သတိထားမိစေခဲ့ပါတယ်။ အဲဒီနဂါးရုပ်ကို လူမှုကွန်ယက်အသုံးပြုသူတွေက ပြီးခဲ့တဲ့နှစ်မှာ သေဆုံးသွားခဲ့တဲ့ ဟောင်ကောင်မင်းသားကြီး Richard Ng နဲ့ရော Pen-Pineapple-Apple-Pen သီချင်း‌နဲ့သိကြတဲ့ ဂျပန်ဟာသပညာရှင် ပီကိုတာရိုနဲ့လည်း တူတယ်လို့ ပြောဆိုနေကြတာပါ။

သူတို့နှစ်ဦးရဲ့ပုံကို Exhibit A and Exhibit B ဆိုပြီး နဂါးရုပ်ပုံနဲ့ နှိုင်းယှဉ်ပြထားပါတယ်။ နဂါးရုပ်ရဲ့ဓာတ်ပုံတွေကို Facebook Group Complaint Singapore မှာ တင်ခဲ့တာပါ။ အခုလိုဝေဖန်ပြောဆိုမှုနဲ့ပတ်သက်ပြီး ဒီနဂါးရုပ်ပရောဂျက်အတွက် စေတနာ့ဝန်ထမ်းတွေအဖြစ် လုပ်ဆောင်ခဲ့တဲ့ Singapore University of Technology and Design ကျောင်းသူ/သားတွေက တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ “မကောင်းတဲ့မှတ်ချက်တိုင်းကို ကျွန်တော်တို့ နောက်ထပ်ဒီဇိုင်းတွေတိုးတတ်ဖို့အတွက် သင်ယူစရာအချက်အနေနဲ့မှတ်ယူပါတယ်”လို့ ဆိုခဲ့ပါတယ်။

SUTD ကျောင်းသား/သူတွေဟာ ၂၀၁၂ ခုနှစ်ကတည်းက မီးအလှဆင်တဲ့ဒီဇိုင်းပရောဂျက်တွေမှာ ပါဝင်ခဲ့တာပါ။

Ref: S’pore Chinatown dragon looks like famous HK actor & Pen-Pineapple-Apple-Pen guy

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top