လုပ်သက် ၁၃ နှစ်ရှိတဲ့ အိမ်အကူအတွက် ကင်ဆာရောဂါကုသစရိတ်တွေ ထောက်ပံ့ပေးခဲ့တဲ့ အိမ်ရှင်မိသားစု

18.7.2024-yyl-6.jpg

စင်ကာပူက မိသားစုတစ်စုဟာ သူတို့ရဲ့လုပ်သက် ၁၃ နှစ်ရှိတဲ့ အိမ်အကူဖြစ်သူ ဦးနှောက်ကင်ဆာဖြစ်တဲ့အချိန် ကင်ဆာကုသစရိတ်အနေနဲ့ စင်ကာပူဒေါ်လာ ၇၀၀၀၀ ထောက်ပံ့ပေးခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ အိမ်အကူကို ပြုစုစောင့်ရှောက်ပေးဖို့ အခြားအိမ်အကူတစ်ဦးကိုလည်း ငှားခဲ့ပါတယ်။

အလုပ်ရှင်အမျိုးသမီး ချန်တိုင်မေဆိုသူက သူတို့ရဲ့အသက် ၅၀ အရွယ်အင်ဒိုနီးရှားလူမျိုးအိမ်အကူ ပါဝဒီဟာ သူတို့မိသားစုအတွက် ၁၃ နှစ်လောက်အလုပ်လုပ်ပေးခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက်နေ့၊ တရုတ်နှစ်သစ်ကူးပထမဆုံးရက်မှာ ပါဝဒီက ကော်ဖီဖျော်ဖို့လုပ်နေစဉ် မခံမရပ်နိုင်ခေါင်းကိုက်လို့ မတ်တပ်မထနိုင်တဲ့အထိဖြစ်သွားခဲ့တာပါ။ ချန်လည်း ပါဝဒီဖြစ်တာမြင်ပြီး ထိတ်လန့်တုန်လှုပ်ကာ ဆေးရုံပို့ဆောင်ပေးခဲ့တဲ့အချိန်မှာ ဦးနှောက်အတွက် ၂.၉ စင်တီမီတာရှိတဲ့အကျိတ်တွေ့ခဲ့ပါတယ်။ နေ့တစ်နေ့မှာ အဲ့ဒီအကျိတ်ကို ဖယ်ရှားဖို့ ကုသမှုခံယူခဲ့ရပါတယ်။

ပါဝဒီက ဓာတ်ကုထုံး၊ ဓာတုကုထုံးတွေနဲ့အတူ အခြားခွဲစိတ်မှုတစ်ခုလည်း ခံယူခဲ့ပါတယ်။ ကုသမှုစရိတ်က ဒေါ်လာ၁၃၀၀၀၀ပါ။ ပါဝဒီက ဒေါ်လာ ၆၀၀၀၀ အာမခံကြေးရခဲ့တဲ့အတွက် ကျန်နေတဲ့ ဒေါ်လာ ၇၀၀၀၀ ကို ချန်တို့မိသားစုက ပေးခဲ့ပါတယ်။

ပါဝဒီရဲ့ရောဂါအခြေအနေကြောင့် သူ့ကို စောင့်ရှောက်ပေးဖို့နဲ့ အိမ်အလုပ်ကူဖို့အတွက် မြန်မာနိုင်ငံက အိမ်အကူကို ငှားရမ်းခဲ့ပါတယ်။ ပါဝဒီက သူ့အလုပ်ရှင်ရဲ့အကြင်နာတရားအတွက် အလွန်ကျေးဇူးတင်နေတာပါ။ ပါဝဒီရဲ့အစ်ကိုနဲ့ခင်ပွန်းဖြစ်သူတို့ စင်ကာပူလိုက်လာတော့လည်း အစစအရာရာကူညီပေးခဲ့တဲ့အပြင် အင်ဒိုနီးရှားပြန်တော့လည်း လေယာဉ်လက်မှတ်စီစဉ်ပေးခဲ့ပါတယ်။

ချန်နဲ့ပါဝဒီတို့ဟာ ရင်းနှီးကြပြီး ပါဝဒီကို သမီးတစ်ယောက်လို့ သဘောထားခဲ့တာပါ။ ၂၀၁၂ ခုနှစ်က ပါဝဒီ အင်ဒိုနီးရှားမှာ မင်္ဂလာဆောင်တော့လည်း ချန်က လိုက်ပါသွားခဲ့ပြီး မင်္ဂလာအခမ်းအနားမှာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။ သူ့မွေးရပ်မြေမှာ အခမ်းအနားဆုံးမင်္ဂလာပွဲဖြစ်ဖို့ ချန်က ရန်ပုံငွေတောင်ရှာပေးခဲ့ပါသေးတယ်။

Ref: S’pore family foots S$70,000 brain cancer treatment bill for domestic helper of 13 years

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top