တစ်ကြိမ်ပဲ မြင်ခဲ့ဖူးတဲ့ ရှားပါးဂျယ်လီငါးကို ပစိဖိတ်သမုဒ္ဒရာအောက်ကနေ ထပ်မံတွေ့ရှိ

11.6.23-yyl-12.jpg

ကမ္ဘာပေါ်မှာ တစ်ကြိမ်ပဲ တွေ့ဖူးခဲ့တဲ့ ရှားပါးဂျယ်လီငါးကို Ocean Exploration Trust အဖွဲ့ရဲ့ သိပ္ပံပညာရှင်တစ်စုက ထပ်မံတွေ့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလ ၃၁ ရက်မှာ ပစိဖိတ်သမုဒ္ဒရာထဲက ဝေးလံခေါင်သီပြီး အနက်ပေများတဲ့နေရာကနေ ရှားပါးဂျယ်လီငါးကို တွေ့ရှိခဲ့တာပါ။

ရှားပါးဂျယ်လီငါးကို ၂၀၁၅ ခုနှစ်တုန်းက တစ်ကြိမ်ပဲ မြင်တွေ့ခဲ့ကြဖူးတာပါ။ ဦးခေါင်းထိပ်မှာ ဖိုခနောက်ဆိုင် ထိုးထွက်နေတဲ့ ရေဘဝဲလက်တံသုံးချောင်းကြောင့် ဒီဂျယ်လီငါးဟာ တခြားဂျယ်လီငါးတွေနဲ့ သိသိသာသာ ကွဲထွက်နေတာပါ။ သူတို့ဟာ ရှည်လျားတဲ့ ရေဘဝဲလက်တံတွေကိုသုံးပြီး တခြားဂျယ်လီငါးတွေ၊ ပင်လယ်မျော့တွေကို ဖမ်းယူစားသောက်လေ့ရှိပါတယ်။

Ref:Scientists Amazed By Sighting Extremely Rare Jellyfish Only Seen Once Before

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top