အသက် ၄၆ နှစ်အရွယ် စင်ကာပူနိုင်ငံသား ဆူရက်ချ် ဗာနက်ဇ်ဆိုသဟာ Thaipusam ပွဲတော်နေ့ရောက်ရင် အသက် ၄၁ နှစ်အရွယ်ဦးနှောက်အကြောသေရောဂါသည် ညီဖြစ်သူကို မလေးရှားနိုင်ငံရှိ ရောင်စုံလှေကားထစ် ၂၇၂ ထစ်ရှိတဲ့ Batu Caves ဘာသာရေးဆိုင်ရာဗိမာန်ဆီ နှစ်တိုင်း ပွေ့ချီခေါ်ဆောင်လာလေ့ရှိပါတယ်။
အခုလိုလုပ်တာက သူ့ရဲ့တာဝန်၊ သူ့ရဲ့ချစ်ခြင်းမေတ္တာတရားဖြစ်တယ်။ သူ့ကို ပျော်ရွှင်အောင်လုပ်ရင်း ပြုစုစောင့်ရှောက်မှုဖြစ်တယ်လို့ ဆူရက်ချ်ကဆိုပါတယ်။
အခုနှစ်မှာတော့ သူတို့ညီအစ်ကိုနှစ်ဦးက Batu Caves ထပ်သွားဖို့ မျှော်လင့်ခဲ့ပေမဲ့ သွားလာရေးအခက်အခဲရှိတဲ့အတွက် စင်ကာပူနိုင်ငံမှာပဲ Thaipusam ပွဲတော်နေ့ကို ဆင်နွှဲခဲ့ရပါတယ်။
မသွားဖြစ်ခဲ့ပေမဲ့ ဆူရက်ချ်က သူ့ညီဖြစ်သူရဲ့ ကမ္ဘာလှည့်ခရီးထွက်ချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ သန္နိဋ္ဌာန်ချထားပါသေးတယ်။ “ကျွန်တော့်ညီရဲ့အိပ်မက်က ကမ္ဘာပတ်ဖို့ပါ။ သူဟာ ဖူးခက်၊ ဥရောပနဲ့ တခြားနေရာတွေကို သွားချင်တာပါ”လို့ ဆူရက်ချ်က ပြောပါတယ်။
သူ့ညီဖြစ်သူရဲ့အိပ်မက်ကို ဖြည့်ဆည်းပေးဖို့ကတော့ တစ်ဦးတည်းစောင့်ရှောက်ပေးနေရတဲ့သူအနေနဲ့ ငွေကြေးအခက်အခဲရှိတာမို့ လွယ်တော့မလွယ်ကူသေးပါဘူး။ ဒါပေမဲ့ သူ့ညီကို အကောင်းဆုံးဘဝပေးချင်တာကြောင့် ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
မကြာသေးခင်ကတော့ ဆူရက်ချ်က အိန္ဒိယနိုင်ငံဆီ သူ့ညီကို ခေါ်သွားခဲ့ပါသေးတယ်။ အဲ့ဒီခရီးစဉ်အတွင်းသူ့ညီကို ပွေ့ချီထားရတာနဲ့ပတ်သက်ပြီး သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာခံနိုင်ရည်ရှိမှုကို သိခဲ့ရပါတယ်။ ၁၁ ရက်တာခရီးတစ်လျှောက်လုံး ညီဖြစ်သူကို အဆက်မပြတ် သယ်ဆောင်သွားရတယ်။ ပြန်ရောက်တာနဲ့ တစ်ကိုယ်လုံးကိုက်ခဲပြီး မောပန်းနွမ်းနယ်နေတယ်လို့ ဆိုပါတယ်။
Ref: S’porean man, 46, carries younger brother with cerebral palsy to Batu Caves yearly as part of Thaipusam
WL (ရိုးရာလေး)