ခက်ခဲကြမ်းတမ်းတဲ့ အမျိုးသမီးပညာရှင်တွေကို သရုပ်မှန်မပြဘဲ (၂၂) နှစ်လုံးလုံး ကူညီပေးနေခဲ့တဲ့ အမျိုးသမီး

yyl-014-12.jpg

နည်းနည်းလေးမှ လျှို့ဝှက်ဆန်းကြယ်တာမပါရရင် ဒါကို ဘဝလို့ ခေါ်နိုင်ရဲ့လား။ ဘဝမှာ လျှို့ဝှက်ဆန်းကြယ်မှုတွေကို တစ်ယောက်မဟုတ်တစ်ယောက်ကတော့ ကြုံရနိုင်တယ်နော်။ အဲဒီလိုပဲ လွန်ခဲ့တဲ့ (၂၂) နှစ်ဝန်းကျင်ကတည်းက လျှို့ဝှက်စွာနဲ့ ထောက်ပံ့ကူညီမှုတွေ လုပ်နေခဲ့လူတစ်ယောက်ရှိပါတယ်။

သူက ခက်ခဲကြမ်းတမ်းတဲ့ အသက် (၄၀) ကျော်အမျိုးသမီးပညာရှင်တွေကို ထောက်ပံ့ပေးဖို့အတွက် တည်ထောင်ခဲ့တဲ့ “Anonymous Was A Woman” လို့ခေါ်တဲ့အဖွဲ့အစည်းရဲ့ တစ်ဦးတည်းစပွန်ဆာ တစ်ယာက်ဖြစ်ပါတယ်။ သူက (၂၂) နှစ်လုံးလုံး သူဘယ်သူဆိုတာ ထုတ်မပြဘဲ တိတ်တဆိတ်ထောက်ပံ့ပေးခဲ့တာပါ။ အခုဆိုရင် အဲဒီအမည်မသိထောက်ပံ့ကူညီသူက သူ့ရဲ့သရုပ်မှန်ကို ထုတ်ပြလိုက်ပါပြီ။ သူကလည်း အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူကိုယ်တိုင်က ပညာရှင်တစ်ယောက်၊ ဆူဆန် အန်တာဘာချ် (Susan Unterberg) လို့ခေါ်တဲ့ ဓာတ်ပုံဆရာမဖြစ်ပါတယ်။

သရုပ်မှန်မပြဘဲ (၂၂) နှစ်ကြာအောင် ကူညီထောက်ပံ့ပေးပြီးတဲ့နောက်မှာ ဆူဆန်က “Anonymous Was A Woman” အဖွဲ့အစည်းနောက်ကွယ်က တစ်ဦးတည်းထောက်ပံ့သူအဖြစ် သူ့ကိုယ်တိုင် ထုတ်ပြခဲ့တာပါ။ ဆူဆန်က အမျိုးသားနဲ့ အမျိုးသမီးပညာရှင်တွေက တန်းတူအခွင့်အရေးမရကြဘူး၊ သူတို့ကြိုးစားခဲ့သလောက် အမျိုးသားတွေနဲ့ တန်းတူနေရာမရကြဘူးလို့ ယူဆထားပါတယ်။ အဲဒါကြောင့် အမျိုးသမီးပညာရှင်တွေက အတော်လေး ရုန်းကန်ခဲ့တဲ့ပုံပေါ်တယ်လို့ ဆူဆန်က ဆိုပါတယ်။

(၂၂) နှစ်ကာလအတွင်း ဆူဆန်က သက်မွေးဝမ်းကျောင်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ဖို့ ရုန်းကန်လှုပ်ရှားနေရတဲ့ အမျိုးသမီးပညာရှင်တွေကို အမေရိကန်ဒေါ်လာ (၅.၅) သန်းကျော် လှူဒါန်းခဲ့တာပါ။ ဒေါ်လာ (၅.၅) သန်းလုံးလှူဒါန်းခဲ့တဲ့တစ်ချိန်လုံး သရုပ်မှန်မပြဘဲ နေခဲ့ပါတယ်။ သူ့ရဲ့သရုပ်မှန်ကို ၂၀၁၈ခုနှစ်က New York Times နဲ့ အင်တာဗျူးတစ်ခုမှာ ထုတ်ပြောပြခဲ့တာပါ။ ဆူဆန်က ၁၉၉၆ခုနှစ်ကတည်းက အမေရိကန်ဒေါ်လာ (၂၅၀၀၀) နဲ့ အမျိုးသမီးပညာရှင် (၂၀၀) ကျော်ကို ထောက်ပံ့ပေးခဲ့တဲ့ “Anonymous Was A Woman” ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။

Ref: Woman Who Has Been Anonymously Supporting Struggling Female Artists Goes Public After Donating $5.5M In Total To 230 Artists

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top