ပိုလန်နိုင်ငံမှာ ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ ကြောင်ဖက်တီး

16.2.2023-image-1.jpg

ပိုလန်နိုင်ငံ အနောက်မြောက်ပိုင်း သမိုင်းအလယ်ခေတ်မြို့ဖြစ်တဲ့ ဆက်ချင်မြို့မှာ ခရီးသည်တွေကို ဆွဲဆောင်နေတဲ့ အဆောက်အအုံတွေ ပေါများပါတယ်။ ပိုမီရေးနီးယန်းမြို့စားကြီးရဲ့ ရဲတိုက်၊ ကက်စ်ပရိုဝစ်ဇာပန်းခြံ စတဲ့ နေရာ ၂ ခုကတော့ ခရီးသည်တွေ စိတ်ဝင်စားမှု အများဆုံးပါပဲ။

ဆက်ချင်မြို့မှာ ခရီးသည်တွေ စိတ်ဝင်စားတဲ့ နောက်တစ်ခုကတော့ ကြောင်ဖက်တီးလေး ဂါဆက်ပါပဲ။ ၂၀၂၀ ပြည့်နှစ်က ဒေသခံ သတင်းဌာနတစ်ခုရဲ့ ဗီဒီယိုမှာ ဂါဆက် ပါဝင်ခဲ့ပြီး အဲဒီဗီဒီယိုပျံ့နှံ့သွားလို့ နာမည်ကြီးလာခဲ့တာပါ။

ကြောင်ဖက်တီးလေး ဂါဆက်ကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ဆက်ချင်မြို့လယ်က လမ်းပေါ်မှာ စတွေ့ခဲ့တာပါ။ အဲဒီတုန်းက သာမန် ကြောင်ပိန်လေး တစ်ကောင်ဖြစ်ပေမဲ့ လူတွေက အစားအစာတွေ ကျွေးမွေးကြရင်း ချစ်စရာကောင်းတဲ့ ဝဖိုင့်ဖိုင့် ကြောင်ကြီး ဖြစ်လာခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးက ဂါဆက်ကို လှောင်အိမ်နဲ့ လာဖမ်းဖို့ ကြိုးစားခဲ့ဖူးပြီး လမ်းသွားလမ်းလာတွေက ဝိုင်းဝန်းဟန့်တားခဲ့လို့ သူတို့ရဲ့ အစီအစဉ် အထမမြောက်ခဲ့တာပါ။

Ref: Fat Cat Becomes Polish City’s Top Rated Tourist Attraction

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top