ထုတ်ဝေသူ ၁၃၀ ကျော်ရဲ့ ငြင်းဆန်မှု ကြုံခဲ့ဖူးတဲ့ Chicken Soup for the Soul စာရေးဆရာ ဂျက်ကန်ဖီးလ်

16.2.2023-image-7.jpg

Chicken Soup for the Soul ( နှလုံးသားအာဟာရ ရသစာပေများ ခေါင်းစဉ်ဖြင့် ဆရာဖေမြင့် ဘာသာပြန်) စာအုပ်တွေကို မသိသူ ခပ်ရှားရှားပါ။ ဒါပေမဲ့ အဲဒီစာအုပ်တွေကို ရေးသားခဲ့တဲ့ စာရေးဆရာ ဂျက်ကန်ဖီးလ်ကိုယ်တိုင် ဘယ်လိုရုန်းကန်ခဲ့ရသလဲဆိုတာကိုတော့ သိသူနည်းပါတယ်။

ဂျက်ကန်ဖီးလ်နဲ့ တွဲဖက်စာရေးဆရာ မာ့ခ်ဗစ်တာဟန်ဆန်တို့က Chicken Soup For The Soul စာအုပ်ကို ထုတ်ဝေသူ ၁၃၀ ကျော်ထံ လိုက်လံပြသခဲ့ပေမဲ့ ငြင်းဆန်ခံခဲ့ရပါတယ်။ ဘယ်သူကမှ စိတ်ခွန်အား ဇာတ်လမ်းအပုဒ် ၁၀၀ လောက် ဖတ်ချင်ကြမှာ မဟုတ်ဘူးဆိုတဲ့ တုံ့ပြန်မှုသာ ရခဲ့တာပါ။

ထုတ်ဝေသူ ၁၀၀ ကျော်ရဲ့ ငြင်းဆန်မှု ကြုံခဲ့တဲ့နောက်မှာတော့ သူတို့ရဲ့ အေးဂျင့်ကပါ သူတို့နဲ့ လမ်းခွဲသွားခဲ့ပါတယ်။ ဒါပေမဲ့ ဂျက်ကန်ဖီးလ်နဲ့ ဟန်ဆန်တို့က လက်မလျှော့ခဲ့ပါဘူး။ စာအုပ်ထုတ်နိုင်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို မပြင်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ဖလော်ရီဒါမှာ ရှိတဲ့ ထုတ်ဝေသူတစ်ယောက်က Chicken Soup For The Soul စာအုပ်ထုတ်ဝေဖို့ သဘောတူခဲ့ပါတယ်။

အခုအချိန်မှာတော့ Chicken Soup For The Soul စာအုပ်ပေါင်း ၂၅၀ ကျော် ထုတ်ဝေနိုင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းမှာ အုပ်ရေသန်း ၅၀၀ ကျော် ရောင်းချခဲ့ရပါတယ်။ ဂျက်ကန်ဖီးလ်ကလည်း နယူးယော့ခ်တိုင်းမ်ရဲ့ ရောင်းအားအကောင်းဆုံးစာအုပ်စာရင်းမှာ စာအုပ် ၇ အုပ် တပြိုင်တည်းဝင်တဲ့ စာရေးဆရာအဖြစ် ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ပါတယ်။

သူတို့သာ ဆုံးဖြတ်ချက် မခိုင်မာခဲ့ရင်၊ ငြင်းဆန်မှုတွေ ထပ်ဖန်တလဲလဲ ကြုံရလို့ လက်လျှော့ခဲ့မယ်ဆိုရင် Chicken Soup For The Soul စာအုပ်တွေကို ဖတ်ခွင့်ရမှာ မဟုတ်ပါဘူး။

Ref: Jack Canfield – Chicken Soup For The Soul Co-Creator

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top