ကိုရီးယား မင်းသား လီဗြောင်ဟွန်းရဲ့ အကြောင်း

b.png

ဒီတစ်ခေါက်မှာတော့ ကိုရီးယားမင်းသား လီဗြောင်ဟွန်းရဲ့ အကြောင်းနဲ့ သူ့ရဲ့ အနုပညာ ခရီး ဖြတ်သန်းမှု တွေကို ရိုးရာလေး ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

လီဗြောင်ဟွန်းကိုတော့ ၁၉၇၀ ခုနှစ်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မွေးဖွားခဲ့တာပါ။ သူဟာ ချမ်းသာတဲ့ အသိုင်းအဝိုင်းမှာ မွေးဖွားခဲ့တာ ဖြစ်ပြီး လီဗြောင်ဟွန်းရဲ့ ဖခင်က အောင်မြင်တဲ့ စီးပွားရေးသမား တစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ ညီမလေးတစ်ယောက်ရှိပြီး သူမက Miss Korea ဆု ရရှိခဲ့တဲ့ မော်ဒယ်တစ်ဦး ဖြစ်ပါတယ်။ လီ က ပြင်သစ် အနုပညာ အထူးပြုနဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ လီဗြောင်ဟွန်းဟာ ၂၀၁၃ ခုနှစ်မှာ ကိုရီးယား သရုပ်ဆောင်မင်းသမီး လီမင်ဂျန်နဲ့ လက်ထပ်ခဲ့တာပါ။ ၂၀၁၅ ခုနှစ်မှာတော့ သူတို့နှစ်ဦးရဲ့ သားဦးကလေးကို မွေးဖွားခဲ့ပါတယ်။

လီဗြောင်ဟွန်းဟာ သူ့ရဲ့ အားလပ်ချိန်တွေမှာတော့ တိုက်ကွမ်ဒို ကစားလေ့ရှိပါတယ်။ လီ က ကိုရီးယား ဘာသာစကားအပြင် အင်္ဂလိပ်၊ ပြင်သစ်နဲ့ တရုတ်-မန်ဒရင်း ဘာသာ စကားတွေကို ကျွမ်းကျွမ်း ကျင်ကျင် ပြောနိုင်သူဖြစ်ပါတယ်။

Asphalt My Hometown ဆိုတဲ့ TV စီးရီးနဲ့ အတူ လီက အနုပညာလောကထဲကို 1991 ခုနှစ်မှာ စတင်ဝင်ရောက်လာခဲ့ပါတယ်။ Joint Security Area, A Bittersweet Life, The Good, the Bad, the Weird, I Saw the Devil, Masquerade စတဲ့ရုပ်ရှင်တွေက သူ့ကို အောင်မြင်မှုတွေ အများကြီး ရစေခဲ့တဲ့ အပြင် တီဗီစီးရီးတွေဖြစ်တဲ့ Iris, Beautiful Days, All in စတဲ့ စီးရီးတွေကလည်း သူ့ရဲ့ အောင်မြင်မှုကို အထွတ်အထိပ်ရောက်စေခဲ့တာပါ။

လီက ကိုရီးယားမှာတင် အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦး မဟုတ်ဘဲ G.I. Joe: Rise of Cobra (2009) နဲ့ G.I. Joe: Retaliation (2013) မှာ Storm Shadow ဆိုတဲ့ ဇာတ်ကောင်ကနေ တစ်ဆင့် ဟောလိဝုဒ် ရုပ်ရှင်လောကထဲကို ဝင်ရောက်ခဲ့ပါတယ်။ အဲ့ဒီကနေ တစ်ဆင့် Terminator Genisys (2015), RED 2, The Magnificent Seven, Misconduct စတဲ့ ရုပ်ရှင်တွေမှာလည်း လီ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

2017 ခုနှစ် မတ်လမှာတော့ လီက ဟောလိဝုဒ် အေဂျင်စီတစ်ခုဖြစ်တဲ့ United Talent Agency နဲ့ စာချုပ် ချုပ်ဆိုခဲ့ပြီး ဟောလိဝုဒ် အက်ရှင် ရုပ်ရှင် တစ်ကားဖြစ်တဲ့ Radiance မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီ ရုပ်ရှင်ကိုတော့ လီ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Terminator Genisys (2015) ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကပဲ ရ်ိုက်ကူးထားတာ ဖြစ်ပါတယ်။

Zym (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top