လူမှုကွန်ယက်မှာနာမည်ကြီးနေတဲ့ဗီဒီယိုထဲက ရန်သတ်နေတဲ့ ကလေးမလေး (၂) ဦးဟာ ညီအစ်မအရင်းတွေဖြစ်

24-10-2020-yyl-031.jpg

ဖေ့စ်ဘွတ်ခ်လို လူမှုကွန်ယက်ပေါ်မှာ တွေ့နေရတဲ့ ဟာသဗီဒီယိုတွေ၊ ဓာတ်ပုံတွေကြောင့် ကျွန်တော်တို့တွေ ရယ်မောနေကြရတာပါ။ မကြာသေးခင်ကလည်း ဖေ့စ်ဘွတ်ခ်ပေါ်ကနေ မွေးနေ့ပွဲကျင်းပနေရင်းနဲ့ ကလေးမလေး (၂) ဦးရန်သတ်နေတဲ့ဗီဒီယိုကို စာဖတ်ပရိသတ်တွေ တွေ့မိကြမယ်ထင်ပါတယ်။ အဲဒီဗီဒီယိုလေးက ပရိသတ်တွေကြားမှာ ပျံ့နှံ့သွားပြီး ပရိသတ်တွေ ရယ်မောခဲ့ကြရပါတယ်။

ဖေ့စ်ဘွတ်မှာ နာမည်ကြီးနေတဲ့ အဲဒီဗီဒီယိုထဲမှာ မွေးနေ့ရှင်ကောင်မလေးအတွက် လူတိုင်းက မွေးနေ့သီချင်းဆိုပေးနေကြတာတွေ့ရမှာပါ။ မွေးနေ့ရှင်ကလေးမလေးက အရမ်းပျော်ရွှင်စွာနဲ့ ပြုံးနေပေမဲ့ သူ့ဘေးက သူ့ထက်နည်းနည်းကြီးတဲ့ကလေးမလေးကတော့ စိတ်ပျက်နေတဲ့ပုံပါ။ မျက်နှာထားကတော့ ခက်ချေချေပါပဲ။ မွေးနေ့ကိတ်က ဖယောင်းတိုင်ကို မွေးနေ့ရှင်ကလေးမလေး မှုတ်မဲ့အချိန်မှာ ဘေးနားက သူ့ထက်ကြီးတဲ့ကလေးမလေးက သူ့ထက် အရင် ဖယောင်းတိုင်ကို မှုတ်ပစ်ခဲ့ပါတယ်။ အဲဒါနဲ့ မွေးနေ့ရှင်ကလေးမလေးက ငိုပြီး အသက်နည်းနည်းကြီးတဲ့ကလေးမလေးရဲ့ဆံပင်ကို ဆောင့်ဆွဲပြီး ရန်ဖြစ်ခဲ့ပါတယ်။

အသက်နည်းနည်းကြီးတဲ့ကောင်မလေးရဲ့ အပြုအမူကိုတော့ ပရိသတ်တွေ အံ့အားသင့်ခဲ့ရပါတယ်။ ပြန်ရန်မတွေ့ဘဲ တစ်စုံတစ်ခုကို လုပ်ခဲ့ရလို့ ကျေနပ်နေတဲ့ပုံနဲ့ ပြုံးရယ်ခဲ့ပါတယ်။ အဲဒီနောက်မှာပဲ ဗီဒီယိုက နာမည်ကြီးသွားပြီး Meme တောင် လုပ်ခဲ့ကြပါတယ်။ ပရိသတ်တွေကတော့ ဘေးနားက ခက်ချေချေကလေးမလေးက မွေးနေ့ပွဲ တက်ရောက်ခဲ့တဲ့ မွေးနေ့ရှင်ကောင်မလေးရဲ့သူငယ်ချင်းကလေးမလေးလို့ ထင်ရင်ထင်ကြမှာပါ။ တကယ်တော့ ဗီဒီယိုထဲမှာ ရန်ဖြစ်နေတဲ့ ကလေးမလေး (၂) ဦးက ညီအစ်မအရင်းတွေလို့ သိရပါတယ်။ သူတို့ရဲ့အင်စတာဂရမ်အကောင့်က ပရိသတ်တွေကြား ထွက်ပေါ်လာခဲ့ပြီး ဗီဒီယိုထဲကနဲ့ မတူဘဲ သူတို့ (၂) ဦးက အချင်းချင်းချစ်ကြတဲ့ပုံပါပဲ။

အကြီးမလေးရဲ့နာမည်က မာရီရာ အန်တိုနီးယားဖြစ်ပြီး မွေးနေ့ရှင်အငယ်မလေးရဲ့နာမည်ကတော့ မာရီရာ အက်ဒွာဒါလို့ခေါ်ပါတယ်။ သူတို့က ဘရာဇီးနိုင်ငံကဖြစ်ပြီး သူတို့ရဲ့အင်စတာဂရမ်အကောင့် https://www.instagram.com/asmariasdepb/ က Follower ၂ သိန်းကျော်ရှိပါတယ်။ စာဖတ်ပရိသတ်တွေရော ငယ်ငယ်က သူတို့ညီအစ်မတွေလိုပဲ ညီအစ်မအချင်းချင်း၊ မောင်နှမအချင်းချင်း ခဏခဏရန်ဖြစ်ကြတယ်မလား။ ပြီးတော့လည်း ပြန်တည့်သွားကြတာပဲမဟုတ်လား။

ဖေ့စ်ဘွတ်မှာ နာမည်ကြီးနေတဲ့ သူတို့ညီအစ်မ (၂) ဦးရဲ့ ဗီဒီယိုကို ကြည့်ရှုရန်

Ref: WorldofBuzz “The Two Little Girls Fighting In A Viral TikTok Video Are Actually Siblings!”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top