လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုစွဲချက်ကြောင့် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ဝင်ခန်းတွေဖြတ်ထုတ်ခံရတဲ့ Squid Game သရုပ်ဆောင်အိုယောင်ဆု

7.2.24-yyl-2.jpg

နာမည်ကြီးစီးရီး Squid Game မှာ “Player 001” အဖြစ် သရုပ်ဆောင်ခဲ့ပြီး ရွှေကမ္ဘာလုံးဆုရရှိထားတဲ့ အသက် ၇၉ နှစ်အရွယ် တောင်ကိုရီးယားမင်းသားကြီး အိုယောင်ဆုဟာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုနဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရပါတယ်။ သူ ပါဝင်ထားတဲ့ Big Family ဇာတ်ကားသစ်မှာလည်း သူ ပါဝင်ထားတဲ့ အခန်းတွေကို ဖျက်ပြီး အခြားမင်းသားနဲ့ အစားထိုးသွားမှာလို့ သိရပါတယ်။

၂၀၂၂ ခုနှစ်ကုန်တုန်းက အိုယောင်ဆုက လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုနဲ့ စွဲချက်တင်ခံခဲ့ရတာပါ။ ၂၀၁၇ ခုနှစ်က သူ့ရဲ့ပြဇာတ်အဖွဲ့က အမျိုးသမီးတစ်ဦးကို ခွင့်ပြုချက်မရဘဲ လှမ်းနမ်းခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာပါ။ ဒီအမှုအတွက် ပြီးခဲ့တဲ့နှစ်ရဲ့ပထမအကြိမ်ရုံးချိန်းမှာ အိုယောင်ဆုက သူ့အပေါ်စွဲဆိုထားတဲ့ စွဲချက်အားလုံးကို ငြင်းဆိုခဲ့ပြီး လမ်းပြဖို့ အမျိုးသမီးရဲ့လက်ကို ဆုပ်ကိုင်ထားခဲ့တယ်လို့ အခိုင်အမာပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့အပတ်မှာတော့ ဒီအမှုအတွက် အစိုးရရှေ့နေတွေက အိုယောင်ဆုကို ထောင်ဒဏ် ၁ နှစ်ချမှတ်ဖို့ တောင်းဆိုခဲ့ပြီး စီရင်ချက်ကို မတ် ၁၅ ရက်မှာ ကြေညာမှာဖြစ်ပါတယ်။

Big Family ရဲ့ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့ကလည်း ရုပ်ရှင်အတွက် အိုယောင်ဆု ပါဝင်ရိုက်ကူးခဲ့တဲ့ ဇာတ်ဝင်ခန်းအားလုံးကို တည်းဖြတ်သွားမှာဖြစ်ပြီး အသက် ၈၉ နှစ်အရွယ် ဝါရင့်သရုပ်ဆောင်မင်းသားကြီး လီဆွန်းဂျေးနဲ့ အစားထိုးသွားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

မင်းသား လီဆန်းဂီလည်း ပါဝင်ထားတဲ့ ဒီဇာတ်ကားကို အခုနှစ်မှာ ရုံတင်ပြသဖို့ စီစဉ်ထားပေမဲ့ အိုယောင်ဆု နှုတ်ထွက်သွားတဲ့အတွက် ရုံတင်ဖို့ နှောင့်နှေးသွားနိုင်ပါတယ်။

Squid Game Season 2 ကိုလည်း အခုနှစ်ကုန်မှာ ထုတ်လွှင့်ဖို့ စီစဉ်ထားပါတယ်။ အိုယောင်ဆုပါဝင်ထားတဲ့ ဇာတ်ကောင်က ဦးနှောက်အကျိတ်ကင်ဆာနဲ့ သေဆုံးသွားခဲ့တဲ့အတွက် ပြန်ပါဝင်မှာမဟုတ်ဘူးလို့ မျှော်လင့်ရပါတယ်။

Ref: Squid Game Star Oh Yeong-Su, 79, Faces 1-Year Prison Sentence For Sexual Harassment Charges

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top