ကမ္ဘာ့အသေးဆုံးလမ်းလျှောက်စက်ရုပ်ကို ဟောင်ကောင်ကျောင်းသားတစ်စု တီထွင်

7.2.24-yyl-3.jpg

ဟောင်ကောင်ကျောင်းသား ၄ ဦးဟာ ကမ္ဘာ့အသေးဆုံးလမ်းလျှောက်စက်ရုပ်ကို တီထွင်နိုင်တဲ့အတွက် ကမ္ဘာ့စံချိန်ချိုးနိုင်ခဲ့ပါတယ်။ Diocesan Boys’ School စက်ရုပ်အသင်းက Aaron Ho Yat Fung၊ Isaac Zachary To၊ Justin Wang Tou Duong၊ Ngo Hei Leung အမည်ရတဲ့ ကျောင်းသား ၄ ဦးက ၅.၅၅ လက်မမျှသာရှိတဲ့စက်ရုပ်ကို တီထွင်ပြီးတော့ အရင်စံချိန်ကိုချိုးခဲ့တာပါ။

ဒီစက်ရုပ်အသေးစားလေးက ခြေထောက် ၂ ချောင်းနဲ့ လမ်းလျှောက်ရုံသာမက ပခုံး၊ တံတောင်ဆစ်၊ ဒူးနဲ့ တင်ပါးတွေကို လှုပ်နိုင်ကွေးနိုင်တာကြောင့် ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းရဲ့စံညွှန်းသတ်မှတ်ချက်တွေနဲ့ ကိုက်ညီခဲ့ပါတယ်။

သူတို့ရဲ့ဖန်တီးမှုက အနာဂတ်မျိုးဆက်သစ်လူငယ်တွေရဲ့စိတ်ကို လှုံ့ဆော်ပေးရင်းနဲ့ လူတိုင်းတတ်နိုင်တဲ့ ပညာရေးဆိုင်ရာကိရိယာတစ်ခုဖြစ်လာစေဖို့ ဒီကျောင်းသား ၄ ဦးက မျှော်လင့်ထားပါတယ်။ STEAM ပညာရေးကို မြှင့်တင်ချင်တဲ့ သူတို့ရဲ့ရည်မှန်းချက်အတွက် ဒီဇိုင်းနဲ့Programming code ကို မျှဝေပေးဖို့လည်း စီစဉ်ထားပါတယ်။

Ref: Hong Kong Students Construct World’s Tiniest Walking Robot

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top