ပလတ်စတစ်ပုံးခွံ ခေါင်းစွပ်လျက်နဲ့ တစ်နှစ်ကြာ နေခဲ့ရတဲ့ လမ်းဘေးခွေးတစ်ကောင်ကို ကယ်တင်နိုင်ခဲ့

20.3.24-yyl-9.jpg

ပလတ်စတစ်ပုံးခွံ ခေါင်းစွပ်လျက်အနေအထားနဲ့ တစ်နှစ်ကြာ နေခဲ့ရတဲ့ လမ်းဘေးခွေးတစ်ကောင်ဟာ ကယ်တင်ခံခဲ့ရပြီး ရုပ်သံအစီအစဉ်မှာ ပါဝင်ခွင့်ရခဲ့လို့ ကျော်ကြားလာခဲ့ပါတယ်။ ဘဲလ်လို့ အမည်ပေးထားတဲ့ Cane Corso ‌ခွေးတစ်ကောင်ဟာ အလာဘားမားပြည်နယ်ရဲ့ပင်လယ်ကွေ့ဒေသတစ်ဝိုက် ပလတ်စတစ်ပုံးခွံ ခေါင်းစွပ်လျက်အနေအထားနဲ့ လျှောက်သွားနေတာကို အခုနှစ် ဇန်နဝါရီလမှာ CBS ရဲ့ မိတ်ဖက်သတင်းဌာန WKRG က စတင်ဖော်ပြခဲ့ပါတယ်။

မျက်မြင်သက်သေတစ်ဦးရဲ့ ပြောပြချက်အရ ဘဲလ်ဟာ လွန်ခဲ့တဲ့လပေါင်းများစွာကတည်းက ပလတ်စတစ်ပုံးခွံ ခေါင်းစွပ်လျက် လျှောက်သွားနေခဲ့တာလို့ သိရပါတယ်။ WKRG သတင်းဌာနက ဒီသတင်းကို စဉ်ဆက်မပြတ် ဖော်ပြခဲ့လို့ ဒီအကြောင်းကို စိတ်ဝင်စားသူ များပြားခဲ့ပြီး City of Mobile Animal Services (COMAS) က ဘဲလ်ကို ဖမ်းဆီးကာ ပလတ်စတစ်ပုံးခွံ ဖယ်ရှားပေးဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ ဘဲလ်က ကြောက်လန့်တကြားဖြစ်ပြီး အနားကပ်မခံဘဲ ထွက်ပြေးနေခဲ့တာကြောင့် မအောင်မြင်ခဲ့ပါဘူး။ အမှိုက်ပုံးအဖုံးလို့ ယူဆရတဲ့ ပလတ်စတစ်ပုံးခွံက အပေါက်ကျယ်တဲ့အတွက် ဘဲလ်က အစာစားတာ၊ ရေသောက်တာတွေ လုပ်နိုင်ခဲ့ပြီး အသက်ဆက်ရှင်နိုင်ခဲ့တာပါ။

ဖေဖော်ဝါရီလ ၂၁ ရက်မှာတော့ ကယ်ဆယ်ရေးအဖွဲ့က ဘဲလ်က အတားအဆီးတွေနဲ့ ဝိုင်းရံပိတ်ဆို့ပြီး ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မာတင်မီလာလို့ အမည်ရသူက ဘဲလ်ရဲ့ခေါင်းမှာ စွပ်မိနေတဲ့ ပလတ်စတစ်ပုံးခွံကို ဖယ်ရှားပေးခဲ့တာပါ။ မာတင်မီလာက ဘဲလ်ကို မွေးမြူခွင့်လည်း ရရှိခဲ့ပါတယ်။

Ref:Stray Dog Finally Rescued After Living with a Box Stuck on His Head for Almost a Year

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top