မင်္ဂလာပွဲအတွက် စွန့်ပစ်ပစ္စည်းဗူးခွံတွေကနေ ငွေစုဆောင်းခဲ့တဲ့ စုံတွဲ

9910ac76-screenshot-2019-05-19-11.47.02.png
ပလတ်စတစ်ဗူးခွံသန်း (၃၀၀) ကျော်နဲ့ အလူမီနီယံဘူးခွံ ဘီလျံ (၂၀၀) ကျော်ကို နှစ်စဉ် ထုတ်လုပ်ဖြစ်ကြပါတယ်။ ဩစတြေးလျနိုင်ငံက ဒီလူငယ်စုံတွဲလေးကတော့ အဲဒီစွန့်ပစ်ပစ္စည်းဗူးခွံတွေနဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်ကို ကူညီဖို့နဲ့ တစ်ချိန်တည်းမှာပဲ အဲဒီကနေ သူတို့ရဲ့မင်္ဂလာပွဲအတွက် ငွေစုမိဖို့ နည်းလမ်းတစ်ခု ရှာတွေ့ခဲ့ပါတယ်။

လီယိုနီ စတား (Leonie Starr) နဲ့ မက်သရူး ပေါ်တာ (Matthew Porter) ဆိုတဲ့ လူငယ်စုံတွဲလေးက သူတို့ရဲ့ချစ်ခြင်းမေတ္တာကို သဘာဝတရားကြီးနဲ့ ပေါင်းစည်းခဲ့သလို သူတို့ရဲ့မင်္ဂလာပွဲအတွက်လည်း ပလတ်စတစ်ပုလင်းတွေ နဲ့ အလူမီနီယံဗူးခွံတွေကို ပြန်လည်အသုံးပြုတာ၊ စုဆောင်းတာတွေ ပြုလုပ်ခြင်းအားဖြင့် ပိုက်ဆံတွေ ပွားများအောင် စိန်ခေါ်မှုတွေ လုပ်ခဲ့ပါတယ်။

သူတို့ရဲ့စိန်ခေါ်မှုလေးက ဟိုအရင်ကတည်းက စတင်ခဲ့တာမဟုတ်ပါဘူး။ လီယိုနီ နေထိုင်တဲ့ ကွင်းစလန်ပြည်နယ်ရဲ့ ပြည်နယ်အစိုးရက Container refund program တစ်ခုကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီပရိုဂရမ်က ပုလင်းတစ်လုံး (ဒါမှမဟုတ်) အလူမီနီယံဗူးခွံတစ်ခုကို ပြန်လည်အသုံးပြုတဲ့နေရာကို ယူဆောင်လာရင် ပစ္စည်းတစ်ခုကို (၁၀) ဒေါ်လာ ရရှိမှာဖြစ်ပါတယ်။

မက်သရူး နဲ့ လီယိုနီတို့က ဒီပရောဂျက်ကို ၂၀၁၈ခုနှစ် နိုဝင်ဘာလမှာ စတင်လုပ်ဆောင်ခဲ့ပြီး သူတို့ရဲ့မင်္ဂလာပွဲအတွက် ရည်မှန်းထားတာကတော့ ဒေါ်လာ ၈၁၀၀၀ စုဆောင်းမိဖို့ပါပဲ။ အဲဒီလို လုပ်ဖို့ဆိုရင် သူတို့က ပုလင်းနဲ့ ဗူးခွံ (၈၁၀၀၀၀) လိုအပ်ခဲ့ပါတယ်။ သူတို့ စိတ်ကူးအိပ်မက်ထဲက မင်္ဂလာပွဲလေးက ဗနွားတူနိုင်ငံက ကျွန်းတစ်ကျွန်းပေါ်မှာ ကမ်းခြေအပန်းဖြေစခန်းတစ်ခု၊ ဧည့်သည် (၃၅) ဦးကို အစားအသောက်တွေ၊ နေရာထိုင်ခင်းတွေနဲ့ တစ်ပတ်နီးပါးဧည့်ခံတာအပြင် မင်္ဂလာဆောင်အခမ်းအနားလည်း ပါဝင်ပါတယ်။

သူတို့စုံတွဲက သူတို့ရဲ့အောင်မြင်မှုတွေကို “A Recycled Wedding”လို့ ခေါ်တဲ့ ဖေ့စ်ဘွတ်ခ်ပေ့ချ်မှာ မျှဝေပေးခဲ့ပါတယ်။ သူတို့ရဲ့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာအောင် ကူညီပေးမယ့် သူတွေလည်း ရှိနေပါပြီ။ အခုဆိုရင် ဒေါ်လာ (၆၀၀၀) နဲ့ ညီမျှတဲ့ ပုလင်း (၆၀၀၀၀) ထိရရှိနေပြီဖြစ်ပါတယ်။ လီယိုနီက သူ့ရဲ့ဖေ့စ်ဘွတ်ခ်ပေ့ချ်မှာ လီယိုနီက ပတ်ဝန်းကျင်ကို အန္တရာယ်မဖြစ်စေဖို့ နည်းလမ်းတွေကို မျှဝေပေးခဲ့ပြီး အရာရာတိုင်းကို ဘယ်လို ပြန်လည်အသုံးပြုရမလဲဆိုတာကိုပါ သင်ကြားပေးပါတယ်။

မက်သရူးနဲ့ လီယိုနီတို့က ၂၀၂၀ ခုနှစ် မတ်လမှာ လက်ထပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Ref: Brightside “A Couple Saves 10-Cent Refunds From Recycled Cans to Pay for Their Wedding. They’ve Already Made $6,000”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top