မလေးရှားနိုင်ငံက ကျောင်းသားတစ်ဦးဟာ စာမေးပွဲမှာ အဖြေလွှာအတွင်း ဖြေဆိုရမယ့် စာစီစာကုံးကို မရေးဘဲ ရေပန်းစားနေတဲ့ Rose နဲ့ Bruno Mars တို့ရဲ့သီချင်း APT သီချင်းစာသားတွေကို ချဖြေခဲ့တာပါ။ အခုလိုချရေးခဲ့တဲ့အတွက် ဆရာမကို စိတ်ပျက်သွားစေခဲ့ပါတယ်။
အဲ့ဒီဆရာမက ဒီအဖြစ်အပျက်ကို TikTok မှာ မျှဝေပေးခဲ့တာပါ။ APT သီချင်းစာသားတွေချရေးထားတဲ့ ကျောင်းသားရဲ့အဖြေလွှာကို TikTok ဗီဒီယိုမှာ ပြသထားပါတယ်။ ဖြေခိုင်းထားတဲ့မေးခွန်းက မလေးစာပေဝတ္ထု Tawanan Komander Caucasus ကို အခြေခံထားတာပါ။ အဲ့ဒီမေးခွန်းရဲ့အဖြေကို ဖြေဆိုမယ့်အစား APT သီချင်းရဲ့စာသားအကုန်နီးပါးကို ချဖြေခဲ့တာပါ။

“ကျွန်မတို့လို ဆရာ/ဆရာမတွေက ကျောင်းသား/သူတွေကို အကောင်းဆုံးပညာရေးကို ပေးဖို့ အစွမ်းကုန်ကြိုးစားနေပေမဲ့ ကျွန်မတို့ရဲ့ကျောင်းသား/သူတွေက ကျွန်မတို့ကို အခုလို ကျေးဇူးဆပ်တယ်။ စိတ်ပျက်မိပါတယ်။ တာဝန်မကင်းသလိုခံစားရတယ်”လို့ ဆရာမက ရေးသားထားပါတယ်။ သီချင်းစာသားတွေလိုမျိုး စာစီစာကုံးတစ်ပုဒ်ကို ပြည့်ပြည့်စုံစုံရေးနိုင်မယ်ဆိုရင် ဆရာ/ဆရာမတွေ ဘယ်လောက်တောင်ဂုဏ်ယူလိုက်မလဲလို့လည်း ဆိုထားပါတယ်။
Blackpink အဖွဲ့ဝင် Rose နဲ့ Bruno Mars တို့ ပူးပေါင်းသီဆိုထားတဲ့ APT သီချင်းဟာဆိုရင် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့က ထွက်ထွက်ချင်းမှာပဲ လူအများကြား နာမည်ကြီးသွားခဲ့တာပါ။
Ref: Student in M’sia fills exam paper with lyrics of ‘APT’ instead of essay, disappoints teacher
WL(ရိုးရာလေး)