အရက်မူးပြီး ထူးဆန်းတဲ့အရာကိုလုပ်လိုက်မိတဲ့ လူငယ်လေးတစ်ဦးရဲ့အဖြစ်

6-3-2020-yyl-023.jpg

လူအများစုက အရက်မူးတာနဲ့ လုပ်ချင်ရာလုပ်ကြသလို မရည်ရွယ်ထားတဲ့အရာတစ်ခုခုကိုလည်း ဝယ်ယူမိကြပါတယ်။ အရက်မူးသွားတာနဲ့ ဝယ်ဖို့ စိတ်ကူးမထားတဲ့ ဈေးကြီးတန်ပစ္စည်းတွေကိုတောင် ဝယ်ယူမိကြမှာပါ။ ဒါပေမဲ့ မင်နီဆိုးတားပြည်နယ်၊ မီနီရ်ပိုလစ်မြို့က ပေတွန် (Peyton) ဆိုတဲ့လူငယ်လေးတစ်ယောက်ဟာ New Year’s Eve မှာ အရက်အရမ်းမူးပြီး သားပိုက်ကောင်ပေါက်စလေးကို မွေးစားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို သူက လအနည်းငယ်ကြာပြီးတဲ့နောက်မှ သိရှိလိုက်ရတာဖြစ်ပါတယ်။

ပေတွန်က သားပိုက်ကောင်ပေါက်စလေးကို မွေးစားခဲ့ပေမဲ့လည်း ၂၀၂၀ ပြည့်နှစ်ရောက်တဲ့အထိ လအနည်းငယ်ကြာမှ ဒီအကြောင်းကို သိခဲ့ရတာပါ။ “ဇန်နဝါရီ ၂ ရက်ကစပြီး အပတ်တိုင်း ကျွန်တော့်ရဲ့အကောင့်မှာ (၅) ဒေါ်လာ အလိုအလျောက်လျော့နေခဲ့ပါတယ်။ လစဉ်ငွေပေးချေမှုလိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ကျွန်တော် ပြန်အသစ်လုပ်တဲ့အချိန်မှာ ဖြစ်ခဲ့တာပါ။ ဒါကြောင့် ကျွန်တော် အများကြီးမတွေးခဲ့ပါဘူး။ အခွန်ဆောင်ရတယ်လို့ပဲ ကျွန်တော်ထင်ခဲ့ပါတယ်” လို့ ပေတွန်က ပြောပါတယ်။

ဒါပေမဲ့ သူ့ဖုန်းမှာတွေ့ရတဲ့ဖြတ်ပိုင်းတွေနဲ့ ဆက်စပ်ပြီး အဖြေရှာကြည့်တဲ့အခါမှာ သားပိုက်ကောင်ပေါက်လေးတစ်ကောင်ကို မွေးစားခဲ့တယ်ဆိုတာ သိရှိခဲ့ရပါတယ်။ “ငွေပေးချေမှုဝန်ဆောင်မှုအတွက် လတိုင်းမဟုတ်ဘဲ အပတ်တိုင်းဖြစ်နေတာကို သတိပြုမိခဲ့တာက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပါ။ ဒါကြောင့် ကျွန်တော် အဖြေရှာဖို့ကြိုးစားခဲ့ပြီး တောရိုင်းတိရစ္ဆာန်နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ကျောင်းemailအကောင့်မှာ “သင့်ရဲ့လှူဒါန်းမှုအတွက် ကျေးဇူးတင်ပါတယ်။ သင့်ရဲ့လှူဒါန်းမှုက ဒီထိခိုက်ဒဏ်ရာရထားတဲ့သားပိုက်ကောင်လေးအပါအဝင် လိုအပ်နေတဲ့ တိရစ္ဆာန်တွေအကုန်လုံးအတွက်ဖြစ်ပါတယ်” ဆိုတဲ့ဖြတ်ပိုင်းတစ်ခုကို တွေ့ခဲ့ပါတယ်။

“သြစတြေးလျတောမီးက အရမ်းဆိုးရွားနေတဲ့အချိန်မှာ ကျွန်တော်က ငါးလလောက် ပညာသင်ကြားနေတဲ့အချိန်ဖြစ်တဲ့အတွက် စိတ်စွဲပြီး သားပေါက်ကောင်လေးကို အဲဒီနေ့ညက မွေးစားခဲ့တာလို့ ကျွန်တော်ယူဆမိပါတယ်” လို့လည်း ပေတွန်က ပြောပါတယ်။ ဝမ်းနည်းဖို့ကောင်းတာက ပေတွန် အရက်မူးပြီး ရွေးချယ်လိုက်တဲ့အဖွဲ့အစည်းက သူ့ရဲ့လှူဒါန်းမှုတွေဟာ တိရစ္ဆာန်တွေအတွက်မဟုတ်ဘူးဆိုတာကို သိရှိခဲ့ရပါတယ်။ ဒါကြောင့် သူ့ရဲ့လှူဒါန်းမှုကို ရပ်ပစ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့နှလုံးသားကတော့ လုံးဝ ရပ်ပစ်မနိုင်ခဲ့တာကြောင့် အခုဆိုရင် သားပိုက်ကောင်နှစ်ကောင်အတွက် သူ လှူဒါန်းဖို့လုပ်နေတဲ့ အခြားဖောင်ဒေးရှင်းကို လှူဒါန်းသွားမှာဖြစ်ပါတယ်။

Ref: Man Realizes He Drunkenly Adopted A Baby Kangaroo On New Year’s Eve After Noticing $5 Disappear From His Bank Account Every Week

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top