လူနှစ်ဦးရဲ့အသက်ကိုကယ်တင်ပေးနိုင်ခဲ့တဲ့ ကျောက်ကပ်အလှူ

190517090320-btc-9-11-responder-organ-donation-exlarge-169.jpg

လေဆိပ်မှာ ခရီးသည်အဝင်အထွက်စစ်ဆေးတဲ့ ရဲအရာရှိအဖြစ်အလုပ်လုပ်နေတဲ့ အသက် (၄၅) နှစ်အရွယ် ဘရီယန် ကိုနေး (Brian Conney) ဟာ (၂၀၀၁) ခုနှစ် စက်တင်ဘာလ (၁၁) ရက်က “ဝေါလ်ထရိတ်စင်တာ” ကို လေယာဉ်နဲ့အတိုက်ခံရတဲ့အချိန်မှာ တခြားသူတွေသေခဲ့ကြပေမဲ့လည်း သူမသေဆုံးခဲ့ပါဘူး။ သူက ပြီးခဲ့တဲ့အင်္ဂါနေ့က ကျောက်ကပ်လှူဒါန်းမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

နာရီပိုင်းအကြာမှာ ရဲအရာရှိ ကိုနေး လှူလိုက်တဲ့ကျောက်ကပ်ဟာ အသက် (၅၃) နှစ် အရွယ် မီးသတ်သမား အယ်လ် ဘာဘီရီ (Al Barbieri) ဆိုသူအတွက် ဖြစ်သွားခဲ့ပါတယ်။ မီးသတ်သမားအဖြစ် (၃၆) နှစ်ကြာအလုပ်လုပ်ခဲ့တဲ့ ဘာဘီရီဟာ (၂၀၀၇) ခုနှစ်မှာ ကျောက်ကပ်ကင်ဆာကြောင့် ကျောက်ကပ်ဖယ်ရှားခဲ့ရသူပါ။

လက်ရှိမှာ ဘတ်စကတ်ဘောကစားသမားဟောင်း ရာနေပူးလ်ဟာ အသက် (၇၄)နှစ် ရှိပါပြီ

မီးသတ်သမား ဘာဘီရီရဲ့ ဇနီး ဒီဘီ ဘာဘီရီ (Debbie Barbieri) ဟာ သူရဲ့ ကျောက်ကပ်ကို သူ့ ယောက်ျားအတွက်လှူခဲ့ပေမယ့် သွေးမတူတာကြောင့် လှူလို့မရခဲ့တာပါ။ ဒါကြောင့် သူဟာ သူ့ယောက်ျားအတွက် ကျောက်ကပ်လှူပေးခဲ့တဲ့ ကိုနေးကို ကျေးဇူးဆပ်တဲ့အနေနဲ့ တခြားသူ တစ်ဦးကို ကျောက်ကပ်ပြန်လှူပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ရဲ့ ကျောက်ကပ်ကတော့ နာမည်ကျော် ဘတ်စကတ်ဘောတစ်ဦးအတွက် ဖြစ်သွားခဲ့ပါတယ်။

လူ တစ်ဦးရဲ့စေတနာကြောင့် လူနှစ်ဦးအသက်ရှင်ခဲ့ရတဲ့ ကြည်နူးစရာဖြစ်ရပ်လေးပါပဲ

ဘာဘရီက ကိုနေး ကျောက်ကပ်လှူခဲ့တဲ့ဆေးရုံမှာပဲ သူရဲ့ ကျောက်ကပ်ကိုပြန်လှူခဲ့တာဖြစ်ပြီး ဘတ်စကတ်ဘောကစားသမားဟောင်း အတ် ရာနေပူးလ် (Ed Kranepool) အတွက် ဖြစ်ပါတယ်။ လက်ရှိမှာ ဘတ်စကတ်ဘောကစားသမားဟောင်း ရာနေပူးလ်ဟာ အသက် (၇၄)နှစ် ရှိပါပြီ။ လူ တစ်ဦးရဲ့စေတနာကြောင့် လူနှစ်ဦးအသက်ရှင်ခဲ့ရတဲ့ ကြည်နူးစရာဖြစ်ရပ်လေးပါပဲ။

Ref: CNN “Grand slam’ of kidney donations saves life of a baseball legend”
Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top