ဘွဲ့နှင်းသဘင်အခမ်းအနားအတွင်း ပါမောက္ခကို ကျောင်းသားတစ်ဦးက ထိုးနှက်မှုဖြစ်

30.6.2024-yyl-5.jpg

ဇွန်လ ၁၉ ရက်နေ့က တရုတ်တက္ကသိုလ်တစ်ခုရဲ့ကျောင်းသား/သူတွေက ဘွဲ့ယူခဲ့ရပါတယ်။ အဲ့ဒီဘွဲ့နှင်းသဘင်အခမ်းအနားအတွင်း ကျောင်းသားတစ်ဦးက ပါမောက္ခတစ်ဦးရဲ့မျက်နှာကို ထိုးကာ ထွက်ပြေးသွားခဲ့တဲ့အဖြစ်အပျက်ရှိခဲ့ပါတယ်။ အဲ့ဒီကျောင်းသားရဲ့ထိုးနှက်မှုက ပါမောက္ခရဲ့မျက်မှန်နဲ့ ခေါင်းဆောင်းကိုတောင် ပြုတ်ထွက်သွားစေခဲ့ပါတယ်။

အဲ့ဒီအဖြစ်အပျက်က ရှန်ဟိုင်းမှာရှိတဲ့ Fudan University မှာ ဖြစ်ပွားခဲ့တာပါ။ အထိုးခံလိုက်ရတဲ့ပါမောက္ခက ဒဏ်ရာအနည်းငယ်သာရရှိခဲ့ပြီး Hsia လို့သိရတဲ့ အဲ့ဒီကျောင်းသားကတော့ အဖမ်းခံလိုက်ရပါတယ်။ တိုက်ခိုက်မှုနောက်ကွယ်က အကြောင်းအရင်းကို မသိရပေမဲ့ တက္ကသိုလ်က ကျောင်းသားတွေဟာ Hsiaက ဌာနမှူးကို ထိုးဖို့ ကြံရွယ်ခဲ့တာပေမဲ့ လူမှားထိုးမိခဲ့တယ်လို့ ခန့်မှန်းပြောဆိုခဲ့ကြပါတယ်။

ဒီဖြစ်စဉ်အတွက် အတွင်းကျကျစုံစမ်းစစ်ဆေးနေပြီး တွေ့ရှိချက်တွေအပေါ်အခြေခံပြီးတော့ သင့်လျော်တဲ့ အရေးယူမှုတွေပြုလုပ်သွားမယ်လို့ တက္ကသိုလ်က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဗီဒီယိုကြည့်ရှုရန် – https://www.instagram.com/reel/C8eCKHtyQa4/?igsh=MWVjcWpocGhlYW1ucw==

Ref: Student Punches Professor During University Graduation Ceremony, Speculated To Have Hit Wrong Teacher

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top